p - 11

2K 144 8
                                    

ဒီနေ့တော့မောင်အိမ်မလာပါလားဘာဖြစ်နေလဲမသိပါဘူး။အန်တီစိတ်ထဲပြောမိသည်။မောင်ကမလာဖြစ်ရင်တောင်ဖုန်းအမြဲဆက်တဲ့သူမလား။ခုဖုန်းဆက်တာတောင်မကိုင်ချေ။အန်တီအတွက်စိတ်ပူနေရရှာရော။

ဆူးကမောင်တို့အိမ်ကိုဝင်ထွက်နေကြဆိုတော့သူကိုစောင့်နေခြင်းပင်။အရင်ကအန်တီကဒီမြို့မှာမွေးဒီမြို့မှာကြီးတဲ့အတွက်ဒီလမ်းကသူများနှင့်အလွန်ရင်းနှိးသည်။အန်တီဟာဆက်ဆံရေးကောင်းသူဖြစ်၍လူချစ်ဘူခင်ပေါများသည်။အခုကတော့ရင်းနှင်းသူအတော်များများကအိမ်ပြောင်းသွားကြသည်လေ။ပြီးတော့အိမ်ထဲကအိမ်ပြင်မထွက်တာလဲပါတာပေါ့ထွက်တော့လဲကိုယ့်အလုပ်နဲ့ကိုယ့်ဆိုတော့။

လက်ကနာရီလေးကြည့်လိုက်တော့4နာရီပင်ခွဲနေပြီ။အန်တီအောက်ဆင်းကဆူးကိုပဲစောင့်နေတော့မည်။ထို့ကြောင့်အခန်းမှထွက်ကာ အောက်ကိုဆင်းတော့ဆူးနဲ့တန်းတိုးသည်။

"အန်တီ ဘယ်သွားမို့လဲ"

"ဆူး အန််တီ အန်တီ ဟို..ဟို..မောင်..အို..မေချစ်သူတို့အိမ်သွားမို့လိုက်ပို့ပါလား"
စကားတေထစ်နေလေရော။ဆူးနဲ့ကျမှမောင်လို့သွားခေါ်မိသေးတယ်။
ဆူးကတော့သိပင်မဲ့မသိချင်ရောင်ဆောင်ရတာပေါ့။

"ဆူးလိုက်ပို့ပေးမယ်လေ လာအန်တီခုသွားမယ်မလား"
အန်တီခေါင်းညှိမ့်ပြသည်။တူတူခြံထဲမှာထွက်ပြီးမေချစ်သူတို့ဆီဉီးတည်ခဲ့သည်။ဆူးကတော့အပျော်ကြီးလေတစ်နေ့ကိုတစ်ခါတွေ့လဲနည်းလား။အန်တီကတော့မောင့်ကိုစိတ်ပူစွာလောနေလေရဲ့။

ဆူးသွားတဲ့အတိုင်းသာလိုက်ခဲ့သည်။ဧည့်ခန်းဟုထင်ရသောအခန်းမှာဝင်ထိုင်လိုက်သည်။ဆူးကပေါ့ပေါ့ပါးပါးပဲအန်တီကသာတစ်မျိုးဖြစ်နေသည်။ထိုချိန်အပေါ်မှာဆင်းလာသောအမျိုးသမီးတစ်ဉီးအန်တီထက်ငယ်ပုံရသည်။

"လေး..သက်ဆီလာတာလား"
ထိုအမျိုးသမီး၏အကြည့်များသည်ဆူးစီမှာပင်။
ထိုအမျိုးသမီးကိုအန်တီသေချာမြင်ဘူးသည်။သို့ပေစဉ်းစားမရသည်မှာအမှန်။ဆူးဘေးနားဝင်ထိုင်လာသည်။အန်တီရှိတာသတိရပုံမပေါ်ချေ။သူမမြင်ရင်လဲမမြင်ရနိုင်ပါ။ဆူးကလေးခါးမှဆင်းလာရင်တန်းမြင်ရသောခုံမှာထိုင်ပြီးအန်တီကလေခါးကွယ်မှာထိုင်နေချင်းပေ။အန်ဆီကခြေသံကြောင့်သိပေမဲ့ထိုအမျိုးသမီးကတော့ဆူးတစ်ယောက်ထဲဟုထင်လိမ့်မည်။ဆူးထိုင်နေသောခုံရှိသည်ထိရောက်သွားသည်။သို့ပေနောက်မလှည့်လာချေ။အန်တီကတော့ထိုအမျိုးသမီးနောက်ကျောကိုကြည့်နေသည်။
ထိုအမျိုးသမီးဟာဆူးရဲ့အချစ်တော်ဒေါ်သက်မာပင်။

မောင် ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin