" အန်တီ .. မနိုးသေးဘူးလား .. ။ ထတော့လေမောင်တောင်ရုံးသွားတော့မယ် .. "
အန်တီအိပ်နေတာကိုဘေးနားမှတိုးတိုးလေးလာပြောသောမောင် ။ မောင်အသံကြားသော်လဲမထချင်သေးသည်မို့ မောင်နဲ့ဆန့်ကျင်ဘက်ကိုလှည့်လိုက်သည် ။
" အန်တီထကွာ .. "
" မထချင်သေးဘူး .. အိပ်ချင်တယ် "
အိပ်ချင်မူးတူးနှင့်ပြန်ဖြေသောအန်တီကိုကြည့်ကာ ပြုံးစိစိလုပ်နေလေသည် ။ သူသွားမှာကိုတတကယ်ပဲ
နှိုးနေသေးတယ် ..။" အန်တီ .. ဒီနေ့မောင်သူငယ်ချင်းဆီသွားမှာ .. အန်တီလိုက်ခဲ့နော် "
" တကယ်လား .. လိုက်မယ် .. အိမ်ထဲမှာပဲနေနေရတာ "
ခုလိုပြောေတာ့ချက်ချင်းထထိုင်လေသည် ။ ကလေးလေးလိုချွဲတက်သူ ။ လူကြီးဖြစ်ပြီး ၂ယောက်ထဲရှိချိန်ဆို သူကအငယ်လေးလားမေးရတယ် ။ ခုလဲအပြင်လို့ပြောရုံပဲရှိသေးတယ် နိုးသွားလေပြီ .. ။
အန်တီရဲ့အမူအရာများကိုအစအဆုံးမှန်တင်ခုန်ကနေကြည့်နေလေသည့် မောင် ။" ဖယ်အုံး .. အ့မှာပဲထိုင်နေတာ .."
" ဒီမှာမထိုင်လို့ .. အန်တီအပေါ်ထိုင်ရမှာလား သူကဖြင့်ရေချိုးနေတာကို "
" မောင်နော် .. ဖယ်အ့ခုံကဖယ်သွား .. အိပ်ယာပေါ်မှာသွားထိုင် .. အန်တီအလှပြင်ဖို့ "
ဖယ်ပေးလိုက်ပြီး ထုံးစံအတိုင်း ကြည့်နေလေသည် ။ အမြဲမြင်နေရတာကိုပိုပြီးကြည့်နေသောမောင် ကိုအမြင်ကပ်ရပြန်သည် ။ အန်တီဘာလုပ်လုပ်ကိုလိုက်ပြောနေတာလူကြီးပမာ ။
" မမလေး နန်းကြီးသုပ် .. ပြင်ထားတယ် .. တစ်ခါတည်းစားမလား .. အန်တီသစ္စာရော တခါတည်းစားမှာလား "
မောင်အောက်ဆင်းသည်ကိုမြင်တော့ အောင်ရောက်တာနဲ့စီးမေးသော သံဇဉ် ။ ထိုကလေးမဟာမောင့်ထက်တောင်အတော်ငယ်လသည် ။ သို့ပေမောင်မရှိချိန်ဆို .. မောင်ပြောတဲ့အတိုင်းအန်တီကိုဂရုစိုက်ရှာသည် ။ အိမ်မှုကိစ္စကအစမောင်ရောအန်တီဘားမှလုပ်စရာမလို .. လှည့်ကြည့်စရာမလို ။
" စားမှာ သံဇဉ် .."
မောင့်ကိုမေးသည်ကိုနောက်မှရောက်လာသောအန်ဝင်ပြောလေသည် ။
နှစ်ယောက်လုံး ပြင်ထားသည့်စားပွဲသို့သွားကာ တူတူပဲထိုင်ထားလိုက်ကြသည် ။ မောင်ကတော့အန်တီအားတစ်ကြည့်ကြည့်နှင့် ။