p - 30

2.3K 131 21
                                    

" အန်တီ .. မောင်တို့မသွားပဲနေရအောင် "

" မောင် .. မောင်ကလဲ .. မောင်မလိုချင်လဲအန်တီလိုချင်တယ် .. ။ .. သွားဟိုအဝတ်တေပေး .."

သွားခါနည်းကိုပြောနေပြန်ပြန်ပြီ .. ။ မေချစ်သူမှာလဲ ကလေးချစ်သူပီပီ ကလေးလိုချင်ပေသည် ။ သို့ပေအန်တီကိုလဲ စိတ်ပူပြန်သည်။ အန်တီကတော့ ဆုံးဖြတ်ချက်ချပြီးသည်မို့ မပြင်သည်ကိုသိသော်လည်းသွားပြောနေသည် ။ ပြော၍မရသည်ကိုသ်သော်လဲပေါ့ .. ဆက်ပြောရင်လဲ ငိုပြီးချွဲအုန်းလေမည် .. အန်တီငိုတာလဲမကြည့်ရက် .. စိတ်ကလဲပူ .. လိုကလဲလိုချင် .. အန်တီကိုလဲမလွန်စံနိုင် ..။ မေချစ်သူမှာခေါင်းခြောက်ရပြန်သည် ။

" မောင်ပြောတာ မလိုချင်လို့မှမဟုတ်တာ .. အန်တီကိုစိတ်ပူလို့ဆို .. အန်တီလိုချင်ရင်မောင်မွေးမယ် .."

အန်တီလက်ညှိုးထိုးပြသောအဝတ်များသွားယူကာ
အန်တီနားလာရင်းပြောလေသည် ။ အန်တီကတော့ မျက်စောင်းထိုးက ပြောလေသည် ။

" မောင် .. အန်တီဘားမှမဖြစ်ပါဘူးဆိုကွာ .. မောင်လဲမွေးစရာမလိုဘူး .. နောက်ချမပြောနဲ့ .. ။ မနက်ဖြန်လဲသွားတော့မှာကို "

ပြောစရာစကားလဲမရှိတော့ပေ .. ။ ဆက်ပြောရင်လဲ
စိတ်ဆိုးအုန်းမည် ။ နောက်ဆုံးတော့လဲမေချစ်သူမောင် အန်တီကိုမနိုင်ပေ ။

" အန်တီသဘေယတိုင်းပါ . . အန်တှစေလိုရာအတိုင်းပါ .. ဟွန့် "

" အ့လိုကြီး .. ထိုင်မနေပါနဲ့လာအန်တီနဲ့ပစ္စည်းတေလာထည့် "

                                             ~
7လကာပြီးနောက် ...

"  သက်ကေ .. မြန်မြန် .. "

" လာပြီ .. လေး ရေ .. ဒီအိင်္ကျီကဇိတက်လိုမရလို့ .. "

" လေးလာပြီ .. "

အန်တီတိုပြန်လာမှာမို့ .. သွားကျိုရန်ပြင်ဆင်နေသော
ဆူးနှင့်သက်မာ .. ။သစ်သစ်မှာတို့ကာ လက်မှတ်ထိုးပြီး သွားပြီ ဖြစ်သည်မို့သစ်သစ်မှာမှာ အောင့်နှင့်အတူ
အိမ်ပြောင်းနေလေသည် ။ အောင်ဟာ စီးပွားရေးတပိုင်းကိုသာတက်ပြီး သစ်သစ်မှာနှင့်လက်ထက်လိုက်ချင်းသာ .. ။ ဆူးကတော့သက်မာ က ကျောင်းပြီးမှုလက်ထက်မည်ဆိုသောကြောင့်စောင့်ရလေသည် ။ သို့ပေဆူးဟာ သက်မာတို့အိမ်မှာသာအနေများပြန်သည် ။ သက်မာမှာလည်းဆူးမလာတဲ့နေ့ဆို ဆူတို့အိမ်မှာပဲနေလေ့ရှိတယ် ။ သစ်သစ်မှာပန်းဆိုင်ကိုတော့ သက်မာဉီးစီး နေသည် ။

မောင် ( Completed )حيث تعيش القصص. اكتشف الآن