အန်တီတို့လဲလက်ထက်လက်မှတ်ထိုးအခမ်းနားလေးက်ု မောင်ပြောတဲ့အတိုင်း အင်္ဂါ နေ့မှာလုပ်ခဲ့ကြသည် ။
အန်တီ့ဆိုင်မှာပဲ ပွဲလေးကိုသိသူများဖိတ်ကာ ပွဲသေးလေးကျင်းပကြသည် ။" အန်တီမပြီးသေးဘူးလား .. "
" ပြီးပြီမောင် လာပြီ .. "
ပုံမှန်အတိုင်လေးရင်ဖုံးထဘီကိုဝတ်ထားသည်။ ကိုယ်ကျပ်ဖြစ်သည်မို့ အန်တီကိုယ်လေးနဲ့အတော်လှလို့နေသည် ။ ခုနေ့ပါလက်ထက်ရက်နှင့်ဆိုတစ်ပတ်ပြည့်သွားပြီ အိမ်ပြောင်းမှာမို့ လိုတာတေမှန်သမျှယူနေလေသည် ။ မောင်ခေါ်သည် မို့အပေါ်မှထည့်ထားသော နောက်ဆုံးအထုတ်ကို ယူကာလှေကားမှအနည်းငယ်မြန်စွာဆင်းလာသည်။
" အန်တီ .. ဖြေးဖြေး.. ဖြေးဖြေးလို့ "
" ဖြေးဖြေးပဲဆင်းလာတာပါ .. ။ "
မောင်အန်တီရဲ့ပုံကိုခေါင်းမှခြေထောက်အဆုံးထိကြ်ည့လိုက်သည်။ အန်တီကမောင်ကိုပြုံးစိစိကြည့်နေသောလဲမပြုံးပဲနေလေသည်။
" အန်တီဒီကိုယ်ကျပ်တေမဝတ်ပါနဲ့ဆိုကွာ .. ။ အ့လက်ထာကဟာလဲပေးအလေးအပင်တေလဲမ မပါနဲ့ဆို "
" ဘာလဲမလှလို့လား .. ။ မကြိုက်ဘူးလား.. ။ အ့ဟာကမလေးပါဘူး "
မောင်အန်တီရဲ့ရှေ့မှာထူးထောက်လိုက်ပြီး ။
ဘားမှမရှိမပူ သောဗိုက်လေးကို လက်ပေးနဲ့ထထလိုက်ပြီးမော့ကြည့်လေသည် ။" လှတာပေါ့ .. ကြိုက်တာပေါ့ .. ။ လေးလဲမလေးဘူးဆိုတာသိတာပေါ့ .. ဒါမဲ့အန်တီကလေးလးထိသွား
လိမ့်မယ် .. "" ထပါမောင်ရယ် .. ဘားမှမဖြစ်ပါဘူး .. လာနောက်ကျတော့မယ် "
မောင့်ကိုစကားလမ်းကြောင်းသာလွဲလိုက်သည်။
မန္တလေးကျမှ မမကိုသွားတွေ့ရမယ်ပေါ့ ။ တစ်ဉီးတည်းသော မိသားစုပေါ့ ။
—
" အန်တီ .. မောင့်အိမ်. . "
" မောင်ကသိပ်တော်တာပဲ .. "
မောက်အိမ်ဟာအကြီးကြီးမဟုတ်ပေမဲ့ကြည့်ရုံနဲ့ကိုနေချင်စရာ ။ မိသားစုတစ်စုလုံးနေနိုင်လောက်သောအိမ် ။အန်တီနဲ့မောင်နှစ်ယောက်တည်းအတွက်တော့အကျယ်ကြိးပေါ့ ၂ထက်တိုက် ဖြစ်သည် ။ မောင်အရွယ်လေးနဲ့သေချာအလုပ်ကိုယ်လုပ်နိုက်ပြီ အိမ်လဲဝယ်နိုင်ပြိ ။