" ဟလို အန်တီသစ် " စကားပြောသံမှာတုန်ရိနေသည်။
"ဆူး .. ဘာဖြစ်လို့လဲ"
" သက်.. သက်.. အန်တီသက်လေ ...အန်တီသစ်အိမ်ကိုအမြန်ပြန်ခဲ့ပါခု "
စကားပြောဖို့ဘာကိုဘယ်လိုပြောရမှန်းမသိတော့သည်မှာအမှန် ။ရှင်းပြနေလို့မရတော့သည်မို့လာရန်အမြန်ပြောကာဖုန်းချက်ချင်းချလိုက်သည်။ သက်လို့ပြောသည်နှစ်အန်တီသစ်သိပြီမို့ သော့များထားမည်ထင်ရသောနေရာများကိုလိုက်ရှာေနသည်။
" သော့ .. သော့ရယ်တွေ့ပါတော့ "
နောက်ဆုံးသတိရသည့်နေရာဟာ မမချစ်သူအခန်းဘေးရှိတဲ့စားပွဲသေးလေးတစ်ခု ။ ထိုခုံပေါ်မှာမှန်အိုးတစ်လုံးရှိသည် ။ ခုံမှာအံဆွဲပါသည်မို့အ့မှာရှိမည်ထင်သည်။ အပေါ်ကိုအမြန်ပြေးတက်ကာ ထိုစားပွဲနားတွင် လဲကျသွားခဲ့သည်။
" အာ့ .. တောက်စ် ဒီခြေထောင်နဲ့ "
လက်ကလှန်ကိုင်လိုက်သည့်ခုံပါ လှည်းကျသွားခဲ့သည် ။ ပန်အိုးမှာလဲတစ်စစီကွဲသွားသည်။ လက်နှင့်စာပွဲအံဆွဲကိုလှန်ဖွင့်ချိန်
" လေး.. "
အခန်းထဲမှာထွက်လာသောသက်မာ ဆူးကိုခေါ်သောအသံမှာတုန်နေသော်လဲစိတ်ပူနေသောအသံ ။
ဆူးအနားသို့ပြောလာ ကာဆူးလှည်းနေသောနေရာကိုကြည့်နေသည်။ ဆူးကကည့်နေသော်လည်း သူမဟာတစ်မျိုးပြီးတစ်မျိုးပုံစံပြောင်းနေသည်။" သက် .. "
" သက်.. သက် .. အား. .မကြားချင်ဘူး.. မကြားချင်ဘူး "
ဆူးခေါ်လိုက်ပုံကြောင့်တစ်ခုကိုတစ်တိရကာ အောက်သို့ပြေးဆင်းသွားသည်။ သက်မာနောက်ကိုလိုက်ရန် အလျင်အမြန်နာနေသောခြေထောင်ကို မမူထကာပြေးလိုက်သွားသည်။ လှေကားအောက်ဆုံးထစ်မှာ ခြေခေါက်သွားသောသက်မာ ။ ဆူးဆင်းလာသည်ကိုမြင်ပြီး ချက်ချင်းထကာအိမ်ပြင်သို့ပြေးထွက်သွားသည်။
" သက် .. လေးကိုစောင့်ပါအုန်း .. စောင့်ပါအုန်း "
ချော့ပြောချိန်လှည့်ကြည့်လာသောသက်မာ ။ သို့ချက်ချင်းလှည့်ကာ ခြံပြင်ဘက်သို့ထွက်သွားခဲ့သည်။