p - 23

1.8K 124 13
                                    

တစ်လမ်းလုံးမောင်ဘားစကားမှမပြောပေ ။ မောင်ကိုပြောချင်တာတေစုံနေတာပဲ ဒါမဲ့ မောင် မောင်အလို
ညိမ်နေတော့ဘာလိုပြောရမလဲ ။

ကားစီးနေချိန် ပေါင်ပေါ်တင်ထားသောလက်ကို မောင်ရဲ့လက်ဖြင့်ယူကာ မောင်လက်မောင်းကိုချိတ်စေလိုက်သည် ။ ငုပ်ထားသောခေါင်းမှာ မော့ကာ
မောင့်ကိုကြည့်လိုက်သည်။

" ဘာဖြစ်နေတာလဲကွာ .. မော့ပြီးနေပါ .. မောင်လွမ်းနေတဲ့မျက်နှာလေးကိုကြည့်ပရစေ "

မောင့်အသံမှာမာသည်လဲမဟုတ် ချွဲသည်လဲမဟုတ်ချေ။
မောင့်မျက်နှာနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည် ။မောင် အ့စကားတေကတကယ်လားကွယ် ။ အန်တီရူးတော့မှာပဲ ။ မောင်အ့အမျိုးသမီးကဘယ်သူလဲမောင် ။ မေးချင်သော်လဲ ပါးစပ်ကမထွက်ချေ ။ မောင့်ကိုကြည့်ပြီးဒါတေတွေးနေရတာ ဟာ မျက်ရည်များကိုပို၍ထိမ်းမရပေ ။

မျက်နှာကိုလွဲလိုက်ပြီး မောင်ကိုင်ထားတဲ့လက်ကိုလည်း ယူလိုက်သည်။ ဘယ်မှမကြည့်ပဲ ခေါင်းကိုသာငုပ်ထားလိုက်သည်။

" ဘာလို့လဲ .. "

အသံမှာတိုးလှစွာပေ ။ မောင်တို့ကိုပြောချင်ပြောလိုက်ပါကွယ် ။ ပြီးတော့ မောင့်ရဲ့အကြည့်  ထိုအကြည့်တေကိုတို့မကြိုက်ဘူး ။ တို့ကိုမကြည့်ပါနဲ့ ။
စိတ်ထဲကနေသာမောင့်ကိုအရာရာပြောနေမိသည်။
မောင့်ရဲ့အကြည့်များကိုလွဲကာ ဘားမှမပြောချေ။

-

" မမသစ် ဆုပြန်တော့မယ်နော် .. ဆူး ပြီးမှလိုက်လာခဲ့နော် "

ပစ္စည်းများအိမ်ထဲသွင်းနေကာ ထိုင်နေသော သူတို့ကိုပြောလိုက်သည်။ မောင်ကတော့ဘားမှမပြောသည့်အပြင် ကြည့်ခြင်းမရှိပေ ။
အို.. တို့မနေတက်ဘူးကွယ် ။ အနီးနားမှာရှိလျက်နဲ့ မောင်အလိုမနေသင့်ဘူး ။ ခနက တို့များသွားတာလားကွယ် ။ မောင်ရယ် ...

စိတ်ထဲမောင်နောက်ကလိုက်လာစေချင်သည်မှာအမှန် ဒါမဲ့အန်တီတို့အိမ်ရှေ့သာရောက်လာတယ် မောင်အရိပ်တောင်အပေါ် ။ မောင်ရဲ့အမျိုးသမီးအသစ်က အတော်ကောင်းသလား ..။

" မမ ။ အန်တီနဲ့ဘာဖြစ်ထားလို့လဲ "

သစ်သစ်နွယ်တို့မရှိအပေါ်တက်သွားသည်မို့ ဆိုဖာပေါ်တွင်ခေါင်းငုပ်ကာ ဝမ်းနည်းစရာအကြည့်များဖြစ်ထိုင်နေသူ မေချစ်သူကို ဆူးခေါ်မိသည်။

မောင် ( Completed )Where stories live. Discover now