amour (1)

4K 214 52
                                    

<Zawgyi/>

ဆိုးလ်မြို့ရဲ့ ညလယ်ခေါင်ကို အအေးဓာတ်ဟာ
လွမ်းခြုံနေသည် ။ သူ့နေရာနှင့်သူ လူစည်ကား၍လည်း
ဆိုးလ်မြို့ကြီးဟာ
ညလယ်မှာ တောက်ပလှပနေသည် ။

ထိုအချိန်
ဆိုးလ်မြို့ရဲ့ တစ်နေရာ Club အတွင်းတွင်..။

" နင့်ဘိုးတော်နဲ့ အဆင်မပြေဘူးလား ။ ဘာဖြစ်ပြန်ပြီလဲ "

အရှေ့က Joy ဆိုသော စကားကို သူမ အသာအယာ
ခေါင်းခါပြလိုက်မိသည် ။ ဘိုးတော်ဆိုတာက
သူမရဲ့ နှစ်ယောက်မရှိနိင်သော အဖေ ။
သူမ နမည်က Ruby Jane ။ အဖေ နဲ့ သူမ က
ပုံစံချင်းမတူ အကြောလည်း မတည့်တာတော့
မကြာခဏ စကားများကြရသည် ။
 
အဖေက သူမကို သိက္ခာရှိရှိ အဆင့်တန်းတန်းမြင့်မြင့် မိန်းကလေးတစ်ဦးလို နေထိုင်စေချင်သည် ။
ဒါပေမယ့် အဲ့တာကို Ruby မှ စိတ်မပါပဲ ။
Ruby က တစ်နေ့တစ်နေ့ အပြင်သွားလိုက်
Club တက်လိုက် ၊ Party တက်လိုက် ဒီလိုမျိုးကိုပဲ
သဘောကျသည် ။ Party girl type မျိုးပေါ့ ။

လွတ်လွတ်လပ်လပ် ပျော်ပါးနေရတာကိုပဲ
ကြိုက်တယ် ။ အဖေ သဘောအတိုင်း
လှောင်ချိုင့်ထဲ နေပြီး ကျက်သရေ ရှိမနေပေးနိုင်ဘူး ။
ဒီကိစ္စကြောင့် စကားများမယ်ဆိုလည်း သူမဘက်က Welcome ပဲ ။

Ruby Jane ဆိုတာ အဲ့လိုမျိုးလေ ။
ကိုယ့်စိတ်ပျော်ပါးထက် ဘာကိုမှ ဦးစားမပေးဘူး  ။ 
ဘဝကြီးကို ပေါ့ပျက်ပျက် ဖြတ်သန်းနေတာလား
ဆိုတော့လည်း လက်ခံရမလား ။

သူမကို အဖေ အမြဲပြောနေကြစကား တစ်ခွန်းရှိတယ် ။
နင်က ဆုံးမမယ့် အမေ မရှိလို့ ပျက်စီးနေတာတယ့် ။

အဲ့တာလည်း ပါမှာပေါ့ ။ သူမ က အမေဆိုတာကို
မွေးလာထဲက မြင်ဖူးတာမှ မဟုတ်တာ ။ အလုပ်တွေ
များတယ့် အဖေက အထိန်းတွေနဲ့ပဲ သူမကို
ကြီးပြင်းစေခဲ့တာလေ ။

သူမ ဘဝကြီးကတော့ ဒီလိုပါပဲ

" အိမ်ကိစ္စ အပြင်မှာပဲ ထားခဲ့ပြီ ။ အေးဆေး
သောက်ရင်း ကဲကြရအောင်ပါဟာ..."

သူမ မြူးကြွကြွပြောသည် ။ အရှေ့မှ Joy နှင့် Nayeon က ထောက်ခံသည့် သဘောဖြင့်
ခွက်ချင်းတိုက်ကြသည် ။

AMOUR Where stories live. Discover now