amour (13)

1K 139 25
                                    

<Zawgyi/>

ဒီနေ့ Jisoo နဲ့အတူ ဆိုင်တစ်ဆိုင်မှာ
ညစာစားအပြီး ဟန်မြစ်နံဘေးမှာ နှစ်ယောက်အတူ
လမ်းလျှောက်နေကြသည် ။

တကယ်တော့ ဒီနေ့ Jisoo ရဲ့ အလုပ်နေရာကို
အဖေနဲ့အတူပါသွားရင်းကနေ အတူညစာစားဖို့ အလုပ်ဆင်းချိန်ကို Chaeyoung သွားထိုင်စောင့်နေခဲ့တာ ။
အဖေကတော့ ညနေထဲက သူမကို Jisoo ရှိတယ့်
အလုပ်ခန်းထဲပို့ပေးပြီး တစ်ခါတည်း
အလုပ်ကိစ္စနဲ့ ထွက်သွားတာပဲ ။

အခုတော့ ဟန်မြစ်နံဘေး
လမ်းလျှောက်နေကြတယ် ။

" အကြာကြီးနေပြီးမှ စာရေးဖို့အတွက်
ခရီးရှည် ထွက်သွားရမယ်ဆိုတော့ တစ်မျိုးဖြစ်နေတယ်..."

လမ်းလျှောက်နေရင်းမှ သူမ ခရီးထွက်ရမယ့်
ကိစ္စကို စကားစတော့ Jisoo က သူမကို
ပြုံးပြီး ကြည့်လာတယ် ။ ပြီးတော့

" ဒီအတောအတွင်း Soo ကြောင့်
ဘာမှ မလုပ်နိုင်ဖြစ်ခဲ့ရတာ တောင်းပန်ပါတယ်နော် Young...။
ဒါကြောင့် အခု စာရေးမယ့်ကိစ္စကို စိတ်လွတ်လက်လွတ်နဲ့ ပဲ လုပ်ပါ..."

Jisoo စကားဆုံးတာနဲ့ သူမခြေလှမ်းတွေ
ရပ်မိတော့ Jisoo ပါတစ်ခါတည်း ရပ်သွားတယ် ။
Chaeyoung ဘေးနားမှ Jisoo ဘက်ကို
လှည့်ကာ ကြည့်လိုက်ရင်း

" အဲ့တာ Young သဘောနဲ့ Young လုပ်ခဲ့တာလေ ၊
အဲ့အတွက် soo အားနာစရာမလိုဘူး ပြောပြီးသားပဲကို...။
အခုကလည်း ခရီးရှည်ထွက်ရင် ဒီကလူတွေနဲ့
ခွဲရမှာကိုတစ်မျိုး ဖြစ်နေတာပါ...""

" အဝေးကြီးမှ မဟုတ်တာ Young ရယ်
Japan တင်ပဲမဟုတ်လား ။ ပြီးတော့
သိပ်ကြာမှာမှလည်း မဟုတ်ပဲ ၊ အရမ်း တွေးမနေပါနဲ့...။
စာကိုသာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ပဲ ရေး..."

သူမကို ချိုသာတယ့် အပြုံးနဲ့
အားပေးနေတယ့် Jisoo က သူမ နှလုံးသားကို
အမျိုးမျိုး ဖန်တီးနိုင်သော တစ်ဦးတည်းသော
လူသား ။

ဒီလိုလူမျိုးကို တွေ့စေခဲ့တယ့်
အဖေနဲ့အမေကို သူမ ကျေးဇူးတင်မိတယ် ။
သူတို့က Chaeyoung အတွက်
အကောင်းဆုံး ဘဝလက်တွဲဖော်လောင်းကို
ရွေးချယ်ပေးခဲ့တာ ။

" အဲ့မှာ စာရေးဖို့ စိတ်မကူးထားဘူး...။
အရမ်းကြာသွားမှာစိုးလို့ ၊ စာရေးတယ့်အခါ
လိုအပ်တယ့် အချက်တွေလောက်လေးပဲ
သွားလေ့လာပြီး ပြန်လာခဲ့မှာ..."

AMOUR Donde viven las historias. Descúbrelo ahora