<Zawgyi/>
ယနေ့ ကျောင်းစတက်ရတယ့် ပထမနေ့ ။
တစ်ချိန်လောက်ဝင်သင်ပြီး Ruby ကျောင်းထဲက ထွက်လာသည် ။ အဲ့လို စာပျက်ဖို့ကောင်းတယ့် နေရာမှာ ဘွဲ့လေးတစ်ခုရဖို့ သုံးလေးနှစ်သည်းခံရအုံးမည် ။ဘယ်လိုဆိုးဝါးတယ့် လောကကြီးလဲ ။
စိတ်ပေါက်ပေါက်နဲ့ သူမရဲ့ ပြိုင်ကားအဝါရောင်လေးကို အရှိန်မြင့်ရင်း စိတ်လွတ်လက်လွတ် မောင်းလိုက်သည် ။ ကားဆိုတာ အခုလိုမောင်းမှ အရသာ ရှိတာလေ...။
" oh...shit "
အရှေ့မှာ မီးပွိုင့်မိနေတာကို မြင်မှသတိထားမိပြီး
ဘရိတ်ကို ဆောင့်အုပ်လိုက်တော့ အရှေ့က ကားကို သွားထိသည် ။ အရှိန်တော့မပြင်း...ဒီအတိုင်း ဆောင့်ခနဲပဲ ဖြစ်သွားတာ ။" အာရုံနောက်ရတယ့်ကြား ချီးပဲ..."
သူမ တိုက်မိသွားတယ့် အရှေ့က အနက်ရောင်ကားထဲမှ ဦးလေးကြီးတစ်ယောက်ဆင်းလာသည် ။ အနက်ရောင် ရှပ်အပြည့်နှင့်...။ အသက်က အဖေ့အရွယ်လောက် ရှိမည် ။
သူမကို ဆင်းလာဖို့ လက်ယှက်ခေါ်နေတာ
ကြောင့် Ruby ဆောင့်အောင့်ပြီး ကားပေါ်က
ဆင်းပြီး ဦးလေးကြီး ရှိတယ့်နေရာသွားလိုက်သည် ။ သူမ အနားရောက်တော့ ဦးလေးကြီး
မျက်နှာတည်နှင့် ခါးထောက်ပြီး" ကလေးမ ! မင်းကားကို ဘယ်လိုမောင်း
လာလဲ...။ ကြည့်စမ်း အခုတော့ တိုက်မိကုန်ပြီ "" အကြီးအကျယ်တိုက်မိတာလည်း မဟုတ်တာကို ဦးလေးကြီးက ဘာလို့ စကားချဲ့  ကားပြောနေတာလဲ! ကားပြင်စရိတ်မပေးဘဲ ကျွန်မ ထွက်မပြေးဘူး..."
Ruby ငေါက်ဆတ်ဆတ်ပြောလိုက်တော့
အရှေ့က ဦးလေးကြီးရဲ့ မျက်နှာ သိသိသာသာ ပိုတင်းသွားတာ မြင်သည် ။ ဒါပေမယ့်
Ruby လောက်တော့ ဘယ်တင်းမလဲ...။" ငါက ကားပြင်စရိတ်လိုချင်လို့ပြောနေတာ ထင်လား...။ ကျစ် ရိုင်းလိုက်တယ့် ကောင်မလေး..၊ လူကြီးကို လူကြီးမှန်းမသိဘူးလား "
" ဒီလောက် အသက်ကြီးတယ့် ပုံပေါက်နေတာပဲ ၊ သိတာပေါ့ "
" ကျစ်! ဒီကလေးမ....."