amour (21)

996 130 36
                                    

<Zawgyi/>




ဆေးရုံခန်းတွင်းရှိပစ္စည်းများကို
Jisoo တစ်ယောက် သိမ်းဆည်းနေသည် ။
Young ဟာတော့ ဆေးရုံကုတင်ပေါ်
ငုတ်တုတ်ထိုင်ရင်း သူလှုပ်ရှားသမျှကို လိုက်ငေးနေမယ်ဆိုတာ သေချာသည် ။

ဆေးရုံမှာထပ်နေသင့်သေးပေမယ့်
Young က မွန်းကြပ်တာမို့ အပြင်မှာ နေချင်တယ်တယ့် ။ ဒါကြောင့် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး
ဆေးရုံဆင်းဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြသည် ။
လူကြီးတွေကတော့ တရားခွင်ကိစ္စတွေ
ရှိနေလို့ မလာခဲ့ကြ ။
Young ကလည်း မလာနဲ့လို့
ပြောထားခြင်းကြောင့်လည်း ပါမည် ။

သူမကြောင့် စိတ်မကောင်းဖြစ်နေတယ့်
လူကြီးတွေကို မြင်ရင် ပိုပင်ပန်းပြီး အားနာတယ်တယ့် ။ Jisoo ကိုတောင် တစ်ခါတစ်ခါ
ပြောတတ်သေးသည် ။ Young ကိုတစ်ယောက်တည်းထားခဲ့ပြီး
ပြန်ပါတယ့်...။

Young က သူ့အပေါ်
ူသိပ်ကို အားနာနေခဲ့တာ သူသိသည် ။
ဒါကြောင့်လည်း အဲ့လိုမတွေးဖို့
ပြောရတာလည်း မနည်းတော့...။

Youngဟာတဖက်သားအတွက်
အရမ်းတွေးပေးပြီး
အားနာတတ်လွန်းတယ့် မိန်းကလေး...။

လောလောဆယ်တော့ သူတို့ တိုကျိုမြို့က
လုံးချင်းအိမ်လေးတစ်ခုကို ငှားထားသည်  ။
Young ကိုးရီးယား ပြန်ချင်မှာမဟုတ်ဘူး
ဆိုတာ သူသိပါတယ်...။
ဒါကြောင့်လည်း သူကိုယ်တိုင်ပါ ဗဟိုရုံးကနေ
အလုပ်ထွက်စာ တင်ထားတာ...။

Young ကို ရွေးချယ်ပြီး
တစ်ချို့အရာတွေအထိ သူစွန့်လွှတ်ခဲ့ပြီးပြီ ။
အဲ့တာနဲ့ ထိုက်တန်အောင် သူ Young ဘေးနားမှာ
အကောင်းဆုံးရှိနေပေးရမည်...။ 
တကယ်ဆို Young က သူပေးနိုင်တာတွေထက်တောင်
ပိုပြီး ထိုက်တန်တယ့် မိန်းကလေး...။

" Soo က IG သုံးတာလား...။
Young က မသုံးဘူးထင်နေတာ..."

ကုတင်ပေါ်တင်ထားတယ့် ဖုန်းထံ
IG မှ Noti တက်သောကြောင့် ပြောသော
Young...။ မျက်နှာပြင်ကို လှမ်းကြည့်လိုက်ရုံပါ ။

တကယ်ဆို Jisoo အစက
Social media တွေ မသုံးခဲ့ဘူး ။
အခုလည်းမသုံးပါဘူး ။ ဒါကလည်း
လူမှန်ရင် တစ်ခုလောက်တော့သုံးစမ်းပါ ဆိုပြီး
သူ့ဖုန်းထဲ ပိုင်ဆိုးပိုင်နက်နဲ့ အကောင့်ဝင်ဖွင့်သွားတယ့်
Jane ကြောင့် အကောင့် ရှိနေတာ ။
သူမသုံးဖြစ်ခဲ့ဘူး...။

AMOUR Where stories live. Discover now