<Zawgyi/>" Jane ..."
လျှောက်လမ်းပေါ် ငေးကြည့်ရင်း
Jisoo နှုတ်ခမ်းဖျားမှ သတိလွတ်စွာ ရေရွက်လိုက်မိသော
နာမ်စားတစ်ခုဖြစ်သည် ။အစ်မ Jiseon ရဲ့ဖန်တီးမှုကို
ဝတ်ဆင်ထားတယ့် မော်ဒယ်မိန်းကလေးဟာ
သူနှုတ်ခမ်းက ရေရွက်လိုက်မိတယ့် နာမ်စားရဲ့ ပိုင်ရှင်...။Jane က ဘယ်လိုလုပ် ဒီနေရာမှာ
ရှိနေရတာလဲ ။သူတစ်ချိန်လုံး သတိလွတ်စွာငေးနေခဲ့မိတာ
Jane လျှောကိလမ်းပြီးအောင် လျှောက်ပြီး အနောက်ထဲ
ပြန်ဝင်သွားသည်အထိပါပဲ ။ ဘေးနားက အဖေက
သူ့ကို ခေါ်နေသည်ကိုတောင် မကြားမိသည်အထိဖြစ်သည် ။" Jisoo...Jisoo "
အဖေက သူ့လက်မောင်းကို တို့တော့မှ
သတိပြန်ဝင်လာတယ် ။" ဟုတ်ကဲ့..."
" အဖေပြောနေတယ့် စကားတွေအပေါ်
အာရုံစိုက်နေရဲ့လား "အဖေ့ကို မုသားနှင့်အတူ ခေါင်းညိမ့်ပြလိုက်တယ် ။
တစ်ကယ်တော့ အဖေဘာတွေ ပြောနေခဲ့လည်းဆိုတာ
သူတစ်ခုမှ မသိဘူး ။ သူအာရုံက တစ်ခြားတစ်နေရာစီ
ရောက်နေခဲ့တာလေ ။အခုလည်း အဖေဘာတွေ
ဆက်ပြောနေသလဲ အာရုံမရှိဘူး ။ လျှောက်လမ်းပေါ်
လျှောက်နေကြတယ့် လူတွေအပေါ်လည်း အာရုံမရှိဘူး ။
သူ့အာရုံတွေဟာ သူမထင်မှတ်စွာ မြင်လိုက်ရတယ့်
မိန်းကလေးတစ်ယောက်ဆီကိုပဲ ဦးတည်နေတယ်...။Jane က ဘာလို့ ဒီပွဲမှာ
လျှောက်လမ်းပေါ်က လူတစ်ယောက်အနေနဲ့ ရှိနေရတာလဲ ။
ဒီအတော်အတွင်း အဖြစ်အပျက်တွေဟာ ဘယ်လောက်တောင်
များပြားနေခဲ့သလဲ ။စင်ရဲ့ အနောက်ဘက်ထဲကို သူပြေးသွားချင်မိတယ့်
စိတ် ဖြစ်လိုက်ပေမယ့် ခြေထောက်တွေဟာ
အသိစိတ်တွေကြောင့် လေးလံနေတယ် ။ အဖေဟာ
သူ့ကို စကားလုံးတွေများစွာ ပြောနေပေမယ့် သူ့နားထဲ
ှဝင်တယ့် စကားလုံးတွေမရှိဘူး ။အမေက သူ့ကို မေးခွန်းတွေ
ဝင်မေးတော့ သူသတိလက်လွတ်ပဲ ဖြေနေမိတယ် ။
သူ့အာရုံတွေက နည်းနည်းမှကို စုစည်းလို့မရဘူး ။
![](https://img.wattpad.com/cover/309488374-288-k479767.jpg)