<Zawgyi/>
နေ့လည်နေ့ခင်း ကျောင်းဝန်းထဲက
အရိပ်ကောင်းတယ့် သစ်ပင်လေးအောက်က စားပွဲမှာ
ထိုင်ရင်း Jisoo စာကြည့်နေသည် ။ ကျန်တယ့် သူတွေလည်း
အခုအချိန် ဟိုဟိုဒီဒီထိုင်ရင်း စာလုပ်နေလောက်ရောပေါ့ ။Jisoo အခုထိ နေ့လည်စာမစားရသေးဘူး ။
မနက်ဖြန် Exam ရှိသည် ။ အိမ်က အခုလို ကိစ္စနဲ့ဆို
အထိအခိုက်မခံတာမို့ သူအမှတ်ကောင်းမှ ဖြစ်မည် ။ ကိုယ်တိုင်ကလည်း
ဒီကိစ္စအပေါ် အထိအခိုက်မခံတာမို့ နေ့လည်စာစားဖို့ပင်
သတိမရဘဲ စာလုပ်နေမိတာ ။" ဟေး! "
ရင်းနှီးတယ် ခံစားရတယ့် အနောက်က
အသံကြောင့် စာလုပ်နေရင်းမှ
လှည့်ကြည့်မိသည် ။ ကျစ် လာပြန်ပြီ Ruby Jane ။ ညတုန်းကလည်း ဖုန်းဆက်ပြီး
စကားရှာနေလို့ သူကောင်းကောင်း မအိပ်ရဘူး ။
အခုလည်း
လက်ထဲမှာလည်း အထုပ်တွေဆွဲလို့ ။တီရှပ်အဖြူကို ဂျင်းဘောင်းဘီအနက်အတိုထဲ
ထည့်ဝတ်ထားသည် ။ အရင်နေ့တွေထက်
နည်းနည်းတော့ အဆင်ပြေတယ် ပြောရမယ် ။" နေ့လည်စာ အတူတူစားရအောင် "
ပြောရင်း Ruby Jane က အထုပ်တွေ
စားပွဲပေါ်ချသည် ။ ပြီးတော့ Jisoo ရှေ့က
စာအုပ်တွေကိုလည်း ဘေးတွန်းပို့လိုက်သေးသည် ။" ငါ မနက်ဖြန် Exam ရှိတယ်...."
" ဟုတ်လား အဲ့ဆို ပိုပြီး များများစားရမှာပေါ့ "
စာလုပ်မယ်ပြောမို့ဟာ သူ့စကားကို
ပိတ်ပြောတယ့် Ruby Jane ကြောင့် Jisoo
သက်ပြင်းချမိတယ် ။ တကယ်မလွယ်တယ့်
ကောင်မလေး ။" စားရလွယ်အောင် အမြန်စာတွေ ဝယ်ခဲ့တာ..။
စားရတာ အဆင်ပြေရဲ့လား "အရှေ့က လူကို တစိမ့်စိမ့်ကြည့်ရင်း
ဂရုစိုက်နေတယ့် တစ်ယောက်ဟာ Ruby Jane မှ ဟုတ်ရဲ့လား ထင်လိမ့်မည် ။ အရင်ကဆို တခြားလူကို အခုလို တစိမ့်စိမ့်ကြည့်ရင်း
ဂရုစိုက်ဖို့ နေနေသာသာ လှည့်တောင်
ကြည့်တာမဟုတ် ။ကိုယ့်ဟာကိုယ် ပျော်လိုက်ပါးလိုက်နဲ့
တစ်နေကုန် အလုပ်ရှုပ်နေတာလေ ။အခုတော့ သူမမှာ ဂရုစိုက်ပေးရမယ့်
ရှေ့နေလောင်းလေး ရှိလာပြီ ။ အခုလည်း
Joy တို့နဲ့ သောက်နေရင်း Jisoo ကို
သတိရပြီး သူမ ရောက်လာခဲ့တာ ။