amour (8)

1.1K 150 46
                                    

<Zawgyi/>
သူမ နှုတ်ခမ်းကို တစ်လွှာချင်း နမ်းရှိုက်နေတယ့်
သူ့ကို အံ့သြမိပေမယ့် ချက်ချင်းပဲ Ruby
သူ့အနမ်းတွေကို တုံ့ပြန်ခဲ့သည် ။

သူ ဆိုဂျူသောက်ထားလို့လား ။ ဘာကြောင့်
လည်မသိပေမယ့် အခုအချိန်ကို Ruby
အမက်မောဆုံးပဲ ။ စီးကရက် အရသာ စွဲနေတယ့် သူနှုတ်ခမ်းတွေကို Ruby သိပ်စွဲလမ်းသည် ။ စီးကရက်မကြိုက်ပေမယ့် သူ့ အနမ်းတွေကို
Ruby သိပ်သဘောကျသည် ။


ဆွဲဆွဲငင်ငင်နမ်းနေရာမှ ရုတ်တရက် ရပ်တန့်
သွားတာကြောင့် Ruby လန့်သွားသည် ။ ဒါပေမယ့် ခဏတွင်းချင်း ပုခုံးပေါ် မှီကျလာသည့် သူ့ရဲ့ခေါင်းကြောင့် မူးပြီး အိပ်ပျော်သွားတယ်ဆိုတာ Ruby သိလိုက်ပြီ ။

သူအရက်မူးနေလို့ပဲ နမ်းနမ်း ၊ အသိစိတ်မရှိလို့ပဲ
နမ်းနမ်း Ruby ကျေနပ်သည် ။ အမြဲငေးကြည့်နေရတယ့် နှုတ်ခမ်းတွေက Ruby ကို ရူးရူးမူးမူး နမ်းရှိုက်ခဲ့တယ် မဟုတ်လား...။

Ruby သူမနှုတ်ခမ်း သူမ ကိုင်ကြည့်ရင်း
ပြုံးမိသည် ။ နှုတ်ခမ်းက အနည်းငယ် သွေးစထွက်ပြီး ပေါက်နေပြီ...။  အိပ်ပျော်နေတယ့် ချစ်ရသူကတော့ စောနက အခိုက်အတန့်ကို
မှတ်မိပါ့မလား...။

သူ နဲ့ Ruby  ရူးရူးမူးမူး မက်မက်မောမော
နမ်းခဲ့ကြသေးတယ်ဆိုတာ မှတ်မိပါ့မလားမသိ ။ှု

.
.
.

နိုးလာလို့ နာရီကြည့်တော့ မနက်10 နာရီ
ရှိပြီ ။ သူမ အကြာကြီး အိပ်ပျော်သွားတာပဲ ။

အိပ်ရာပေါ် ငုတ်တုတ်ထိုင်နေရင်းမှ မနေ့ညက
အကြောင်း တွေးမိတော့ Ruby ပြုံးသွားမိပြန်တယ် ။  ချက်ချင်း သူ့ဆီသွားဖို့အတွေးပေါ်လာတာကြောင့် Ruby အမြန် ရေမိုးချိုးအဝတ်အစား လဲလိုက်သည် ။

ဟိုတစ်ခေါက်က သူဝယ်ပေးခဲ့တယ့် ဂါဝန်ရှည်လေး ထုတ်ဝတ်ပြီး မိတ်ကပ်ကိုပါးပါးပဲ လိမ်းလိုက်သည် ။

ပြီးတော့ အဒေါ်ကြီးကို ပြုတ်ခိုင်း
ထားတယ့် အမူးပြေစွတ်ပြုတ်ယူပြီး  Jisoo ရဲ့
တိုက်ခန်းဆီ ထွက်လာခဲ့လိုက်သည် ။

.
.
.

ပြုတ်ထားတယ့် အမူးပြေစွပ်ပြုတ်ကို ပန်းကန်လုံးထဲ ထည့်ပြီး စားပွဲပေါ် တင်ထားလိုက်သည် ။ ပြီးတော့ အခုထိ အိပ်ရာထဲ ရှိနေသေးတယ့်
Jisoo ကို ခေါ်ဖို့ အိပ်ခန်းထဲ ဝင်လာခဲ့သည် ။

AMOUR Where stories live. Discover now