amour (2)

1.5K 166 37
                                    

<Zawgyi/>

မနေက ရခဲ့တယ့် လုံခြုံမှုကို
Ruby အခုထိ ခံစားနေရသေးတယ် ။ ပြီးတော့
သူ့အပြုံးတွေ ။ သူအနားမှာ ခဏနေလိုက်ရရုံနဲ့
ရလာတယ့် ခံစားချက်က သိပ်တပ်မက်ဖို့ ကောင်းတာပဲ ။

မနေ့ညက သူက Club ပြင်ထိ
ဆွဲခေါ်ခဲ့ပေးတာ ။ ပြီးတော့ သူပြောတယ့် စကားက
' ပြန်တော့ ' တယ့် ။ သူမအတွက် အန္တရာယ်များလို့
တွေးပူပေးတာလို့ပဲ ဆွဲတွေးလိုက်တယ် ။
ပြီးတော့ Ruby ဝတ်စားထားတယ့် ပုံစံကို
ကြည့်ပြီးတော့လည်း သူ့ဂျာကင် အနက်ရောင်လေးကို
ပစ်ပေးသေးသည် ။ အကျီလက်တစ်လုံးနဲ့ သူမက
သူ့ရှေ့မှာ အဆင်မပြေဘူး နေမှာ ။

' Bar ထဲမှာ သူငယ်ချင်းတွေ ရှိတယ် ပြန်ဝင်ရမယ် ' ပြောတော့
သူက ' သဘော ' ဆိုပြီး Bar ထဲ အရင်ဝင် သွားသည် ။
တစ်ချက်တောင် ပြန်လှည့်မကြည့်သွားပါဘူး ။

သူ့ဂျာကင်လေးကိုတော့
သူမနဲ့ ထားခဲ့တယ် ။

Ruby အိပ်ရာထက် မနေ့ညက
အကြောင်းများတွေးမိရင်း သူ့ရဲ့ ဂျာကင်လေးကို ရင်ခွင်ထဲပိုက်ထားရင်း
ပြုံးမိုသည် ။

မနေ့ညက ကံကောင်းစွာဘဲ သူ့ရဲ့
ပိုက်ဆံအိတ်က Ruby ကို ပေးလိုက်တယ့်
ဂျာကင်ထဲ ပါလာတယ် ။ သူ့အတွက်တော့
ကံဆိုးသလား မသိပေမယ့် Ruby အတွက်တော့
အတိုင်းထက် အလွန်ပေါ့ ။ 
ပိုက်ဆံအိတ်ထဲကနေ သူ့မှတ်ပုံတင်နဲ့
ကဒ်လေးတစ်ခုကို တွေ့သည် ။ ကျန်တာကတော့
ဘဏ်ကဒ်တွေနဲ့ ပိုက်ဆံအချို့ပေါ့ ။

ကျောင်းကဒ်လေး..။ ကဒ်လေးကို
ကြည့်ပြီး သိရတာက သူက ရှေ့နေလောင်းပေါက်စလေးဆိုတာ ။
စောနကထိ သူ့နမည်အပြင်
မသိသေးပေမယ့် အခုတော့ သူ့ရဲ့
ကျောင်းအထိပါ သိနေရပြီ ။

Ruby နှုတ်ခမ်းကို ဖိကိုက်၍
ပြုံးမိသည် ။ သူမ ရဲ့ ရှေ့နေလေးကို
မြင်ရဖို့ မစောင့်နိုင်တော့ဘူး..။

ရေမိုးချိုး အလှပြင် အဝတ်စားလဲပြီး
အိမ်အောက်ကို ဆင်းလာတော့ ဧည့်ခန်းထဲ
ထိုင်နေတယ့် အဖေ နှင့် တိုးသည်  ။ မသိချင်
ယောင်ဆောင်ပြီး ထွက်သွားဖို့ ပြင်ပေမယ့်
သူမကို မျက်စိထောင့်ထောက် လိုက်ကြည့်နေတယ့် အဖေက

AMOUR Where stories live. Discover now