Final part

2.2K 159 46
                                    


Unicode


နောက်အပတ်ထဲ ကျင်းပမယ့်
ပွဲနေရာကို အစ်မ Jiseon ခေါ်လို့ အတူလာကြည့်နေရပေမယ့် Ruby စိတ်မပါလှ...။ အစ်မ Jiseon ဟာ အခမ်းအနား
ပြင်ဆင်တယ့် လူတွေနဲ့ စကားပြောလိုက် ၊ ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေပေမယ့် သူမကတော့
ကျောက်ရုပ်အတိုင်းပဲ
နံရံဘေးနားက ဆိုဖာပေါ်ထိုင်ရင်း
‌ဟိုငေးဒီငေး လုပ်‌နေမိတယ် ။

နောက်အပတ် လျှောက်လမ်းပေါ်မှာ
သူမ ရှိနေမှာ မဟုတ်တော့ဘူး ။ Model အလုပ်ကို ဆက်မလုပ်ချင်တော့ဘူးဆိုပြီး အစ်မ Jiseon နဲ့ သဘောတူမှု
ယူထားခဲ့ပြီးပြီ ။ ဒါပေမယ့် သူမက
အစ်မ Jiseon ရဲ့ လုပ်ငန်းတွေမှာတော့
ရှယ်ယာရှင်တစ်ယောက်ဖြစ်နေတုန်းပဲ ။

ဖက်ရှင်ဒီဇိုင်းနာပိုင်းကို စိတ်ဝင်စား
လို့ အဲ့အပိုင်းကို လေ့လာနေပေမယ့်
အခုတလောတော့ ဘာမှ
မလုပ်နိုင် ။ စိတ်မပါဘဲ တမှိုင်မှိုင်တထွေထွေ ဖြစ်နေမိသည်မှာ အချိန်တိုင်းပင်ဖြစ်သည် ။

သူမ Jisoo နဲ့ အဆက်အသွယ်
မရတာ တစ်ပတ်ကျော်ပြီ ။ အိမ်နဲ့ပြသာနာ ဖ်ြစသွားတယ့် ဖြစ်ကြောင်းကုန်စင်
ကိုလည်း အစ်မ Jiseon ပြောပြလို့
Ruby သိပြီးပြီ ။

အကုန် သူမ အပြစ်တွေပဲ ။
အေးချမ်းနေတယ့် Jisoo ဘဝကို
သူမ သွားဖျက်စီးခဲ့မိတာ ။

အခုတော့ Jisoo ဟာ
ဘယ်ရောက်လို့ ဘယ်ဆီမှာရှိနေမှန်းလည်းမသိရ...။

အလုပ်သမားတွေနဲ့ စကားပြောပြီး
အစ်မ Jiseon ဟာ သူမအနား
ဝင်ထိုင်ရင်း

" Model အလုပ်ကို ရပ်လိုက်တာ
နောင်တမရဘူးလား...ပြန်လျှောက်ချင်ရင် စီစဉ်ပေးမယ်လေ..."

အစ်မ Jiseon စကားကို သူမ
ခပ်ဖွဖွပြုံးကာ ခေါင်းခါလိုက်ရင်း

" ကိုယ့်စိတ်နဲ့ကိုယ် ရပ်ခဲ့တာဆိုတော့
နောင်တမရပါဘူး...။ ဒီတိုင်း ဒီဇိုင်းပိုင်းပဲလေ့လာတော့မယ်လို့ပဲ စိတ်ကူးထားတယ်..."

Ruby ပြောတော့ အစ်မ Jiseon က
သဘောတကျဖြင့် ခေါင်းညိမ့်ရင်း

" မျက်နှာမကောင်းဘူးနော်...။ Jisoo
အကြောင်းတွေးနေတာလား..."

" ခေါင်းထဲက ထုတ်လို့မှ မရတာ "

သူမ ပြောတော့ အစ်မ
Jiseon က ဟက်ခနဲရယ်ရင်း

AMOUR Where stories live. Discover now