amour (12)

1K 136 10
                                    

<Zawgyi/>
Jane ဆီကို စာမပြန်ခဲ့ပါ ။ ဒီအတိုင်း Jisoo ကားကို
မောင်း၍ လမ်းထဲကထွက်လာခဲ့သည် ။

Jane ကို ဒီတိုင်း ပြန်သွားလောက်မယ်ထင်တာ ။
ဒါပေမယ့် Jane ပီသစွာပဲ ခေါင်းမာပြန်သည် ။

ဒီအတိုင်း အိမ်ပြန်လိုက်ရင် ကောင်းမလား
တွေးမိပေမယ့် သူ မလာမချင်း Jane စောင့်နေမယ်ဆိုတယ့်
အသိက ခွင့်မပြုပြန် ။

အချိန်က အရမ်းမစောတော့ ၊ Jane ကို
သူစိတ်မချ ဖြစ်ရတယ် ။ ဘာလို့ သူ ဒီလောက်စိတ်ပူမိသလဲဆိုလဲ
Jisoo မသိဘူး ။ သိလည်း မသိချင်ဘူး ။

Jane ရဲ့ကျောင်းကိုသွားတယ့်လမ်းမှာတင်
မိုးဖွဲတွေကျလာသည် ။
ဒါကြောင့် Jisoo ကားကို အမြန်အရှိန်တင်ရင်း
မောင်းလာခဲ့လိုက်ရတယ် ။ ခေါင်းမာတယ့် Jane က
သူ့ကို မိုးရွာထဲတော့ စောင့်မနေဖို့ မျှော်လင့်မိတယ် ။

ကျောင်းရှေ့ကားရပ်တာနဲ့ အသင့်ဆောင်
ထားတယ့် ထီးကို ဖွင့်၍ ထွက်လာခဲ့သည် ။
မိုးက သည်းသည်းမဲမဲ မရွာလို့ တော်သေးသည် ။

ခေါင်းမာပြီး မလိမ္မာတယ့် Jane က
အခုတောင် မိုးရွာထဲ ရွဲရွဲစိုနေပြီ ။

ဘေးနားမှာ အမိုးအကာတွေ အစုံရှိရဲ့သားနဲ့
ကျောင်းပေါက်ဝမှာ မိုးရွာထဲ ရပ်နေသည့် Jane ။
ဘေးက ဖြတ်သွားဖြတ်လာကျောင်းသား/သူ အချို့က
Jane ကို အထူးအဆန်းတွေ ကြည့်သွားကြသည် ။

Jane က ဘေးလူတွေကို ဂရုစိုက်နေပုံမရှိ ။
မျက်နှာသေနဲ့သာ အရူးလို မိုးရွာထဲ ရနေလျက် ။

ဒီတိုင်းဆို မဖြစ်တာမို့
Jisoo အမြန် Jane ဆီပြေးသွားလိုက်သည် ။

" Yahhh! မင်းရူးနေလား ။ မင်းကိုယ်မင်း
ရုပ်ရှင်ရိုက်နေတယ်မှတ်..."

စိတ်ပူလို့ ထွက်လာတယ့် ဒေါသနဲ့ အတူ စကားလုံးတွေက
သူ့ကို တင်းကြပ်စွာ ဖက်တွယ်
လာသည့် Jane ကြောင့် ဆက်ထွက်မလာတော့ ။
သူ့ရင်ခွင်ထဲဝင်ပြီး ကျောပြင်ကို တင်းတင်းကြပ်ကြပ်
ဖက်တွယ်ထားသည့် Jane ကြောင့် လက်ထဲက ထီးတောင်
လွှတ်ကျတော့မလို ။

ခဏနေမှ
ဖက်ထားရာကနေ အသာခွာလိုက်သည် ။
ပြီးတော့ ဘာစကားမှ မပြောသေးဘဲ Jane ရဲ့ လက်ကို ဆွဲ၍
ကားဆီခေိါလာခဲ့သည် ။

AMOUR Tempat cerita menjadi hidup. Temukan sekarang