amour (10)

1.1K 136 37
                                    


<Zawgyi/>

Jisoo နဲ့အတူ ညစာ
အတူစားကြသည် ။ နေ့လည်က သတင်းစာရှင်းလင်းပွဲက ချောချောမွေ့မွေ့ပဲ ပြီးသွားခဲ့တယ် ။ Jisoo အပါအဝင် မိသားစုနှစ်စုလုံးက နားနေခန်းမှာ စောင့်ရင်း သူမကို အားပေးခဲ့ကြသည် ။

ဒီနေ့က ကြုံခဲ့ရသမျှနေ့တွေထဲမှာ
အားရှိဖို့အကောင်းလို့ ထင်မိတယ် ။ လူကြီးတွေက သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ အိမ်ပြန်သွားကြသည် ။ Jisoo ကတော့ သူမကို ညစာစားကြရအောင်ဆိုပြီး ခေါ်လာခဲ့တာ ။

" စေ့စပ်ပွဲအကြောင်းပြောချလိုက်တုန်းက
သတင်းထောက်တွေ ဆူညံသွားတာပဲ ။ Young ကို အပျိုကြီးပဲ လုပ်တော့မယ်ထင်နေကြသလားမသိဘူး..."

Chaeyoung ရယ်မောရင်း ပြောတော့
Jisoo ကပါလိုက်ရယ်သည် ။

" ဟုတ်သားပဲ စောနကထဲက ပေးဖို့
မေ့နေတာ...၊ ရော့ Young ။ Soo မနေ့က အဲ့ကိုရောက်ဖြစ်လို့ ဝယ်လာခဲ့တာ..."

Jisoo ပေးတယ့် အထုပ်ကို ကြည့်လိုက်တော့
အထဲက အရောင်နုနုဂါဝန်လေးတွေကြောင့်
Chaeyoung ပြုံးမိသွားသည် ။ Jisoo က
သူမ အကြိုက်ကို သိတာပဲ ။

"  ကောင်းကောင်းဝတ်ပါ့မယ်...ဒါနဲ့
ဘယ်လိုဖြစ်လို့ အဲ့ရောက်သွားလဲ ။ အဲ့ဆိုင်ကို Young ဂါဝန်ဝယ်မှ အတူသွားလေ့သွားထရှိတာကို "

" အော်...အဲ့တာက....
အသိတစ်ယောက်နဲ့ သွားတာ "

" ဟုတ်လား "

" အင်း..."

Jisoo ဖြေပြီးသည်နှင့် ဘေးနာက ရေခွက်ကိုယူကာ
မော့သောက်ပစ်လိုက်သည် ။ ဘာလို့ Jane နဲ့သွားတယ်ဆိုတာကို ပြောဖို့ သူ စိတ်မလုံသလို
ခံစားနေရတာလဲ ။ သူ Jane နဲ့ ရိုးရိုးတန်းတန်း
သွားကြရုံပဲကို ဘာလို့ Young ကို ပြောပြဖို့
ခဲယဉ်းနေသလို ခံစားနေရသလဲ ။

.
.
.

" စေ့စပ်ပွဲကို Jisooလေး အလုပ်ဝင်လို့ နည်းနည်းကြာမှ စီစဉ်တာကောင်းမယ် ။ ဝင်ဝင်ချင်းဆိုရင် အဆင်ပြေမှာမဟုတ်ဘူးလို့ ငါတော့ထင်တယ်  "

Mr. Park Seung heon ရဲ့စကားကြောင့်
တစ်ချက်ပြုံးမိရင်း ခေါင်းအသာညိမ့်မိသည် ။သမီးဖြစ်သူရဲ့ လက်တွဲဖော်ဖြစ်လာမယ့် Jisoo လေးရဲ့ အရေးကိုပါ တွေးပေးတယ့် ဒီလိုလူမျိုးကို ခမည်းခမက်တော်ရမှာ Mr. Kim Hyun Bin အတော်လေး ကျေနပ်မိသည် ။

AMOUR Onde histórias criam vida. Descubra agora