amour (4)

1.2K 149 41
                                    

<Zawgyi/>

" ဘာဖြစ်ထားတာလဲ! ဘာလို့ငိုနေတာလဲလို့ ! "

Jane က သူ့စကားကို အရေးမစိုက် ။
Jisoo ရဲ့ ရင်ခွင်ထဲ တိုးဝင်လာပြီး တင်းတင်း
ကြပ်ကြပ် ဖက်တွယ်လာခဲ့ သည် ။

" လွမ်းနေတာ! အဟင့် ။ Ji ကို တအား
လွမ်းနေတာ ! "

အသံတွေက တုန်ရီနေသည် ။
ရင်ခွင်ထဲ ရှိုက်ငိုနေတယ့် Jane ကို
ူသူဘာလုပ်ပေးရပါ့ ။

အရင်ဆုံး ရင်ခွင်ထဲက သူမကို
ဆွဲထုတ်ကာ Jisoo မျက်လုံးစေ့စေ့ကြည့်
လိုက်ပြီး

" Jane မင်းဘာဖြစ်နေတာလဲ ။
ဆေးသုံးထားတာလား..."

" ဟင့်အင်း "

" ဒါဆို ဘာဖြစ်နေတာလဲကွာ!
ထစ်ခနဲဆို ငါ့ကို ဖုန်းဆက်ခေါ်ဖို့လောက်ပဲ
မင်းကြောင့် ငါစာကျက်ပျက်တာ ဘယ်နှစ်ခါရှိလဲ! "

သူအော်လိုက်တော့ Jane ဟာ
နားလည်ရခက်တယ့် မျက်ဝန်းတွေနဲ့
ကြည့်လာပြန်တယ် ။ Jisoo လက်တွေကြားက
ဆုပ်ကိုင်ထားတယ့် သူမရဲ့ လက်မောင်းတွေကို
ရှုန်းထွက်သည် ။ ပြီးတော့ ပါးပြင်ပေါ် အဆက်မပြက် စီးကျနေတယ့် မျက်ရည်တွေကို သုတ်သည် ။

Ruby Jane တကယ် ဘာဖြစ်ချင်နေလဲ
သူ နားမလည်တော့ဘူး ။ သူစိတ်ရှုပ်စွာ
ဆံပင်တွေကို သပ်တင်မိတော့ Jane က
သူ့ကို အကြည့်စူးစူးဖြင့် ကြည့်ရင်း

" သွား...ရှင့်ဟာရှင် စာပြန်ကျက် !
ရှင့်ကို အနှောက်အယှက်ဖြစ်တယ်ဆိုရင်
ဘယ်တော့မှဖုန်းမခေါ်တော့ဘူး ! ရပြီလား! "

Ruby သူ့ကို အော်မိသည် ။ အနားက
Club ထဲ ဝင်ထွက်နေကြတယ့် လူတွေက
စကားများနေကြတယ့် သူတို့နှစ်ယောက်ကို တစ်ချက် တစ်ချက်
ကြည့်သွားကြတယ် ။
Ruby ဘာဂရုစိုက်နိုင်မှာလဲ ။ နဂိုထဲက လူတွေကို ဂရုမစိုက်တယ့်
သူပဲ ။ Ruby ဂရုစိုက်တာ အရှေ့မှာ ရပ်နေတယ့် Kim Jisoo ။

တကယ်တမ်း ဘာဖြစ်ချင်နေလဲ
ကိုယ့်ကိုကိုယ် မသိဘူး ။ ကုန်တိုက်မှာ Jisoo နဲ့ အဲ့မိန်းကလေးကို တွေ့လိုက်ရကတည်းက အတွေးတွေလွန်ပြီး ရူးချင်သလို ဖြစ်နေတာ ။
သူငယ်ချင်းတွေနေမှာပါ ဆိုပြီး ဖြေသိမ့်ပေမယ့် သူတို့အပြုအမူတွေ ၊ အဲ့မိန်းကလေးရဲ့ အကြည့်တွေ ပြန်မြင်ယောင်တိုင်း ရင်တွေနာရသည် ။

AMOUR Where stories live. Discover now