amour (5)

1.1K 158 57
                                    


<Zawgyi/>


စားပွဲပေါ်ပုံထားတယ့် အဖြူရောင်ဆေးမှုန့်တွေကို ငေးကြည့်ရင်း Ruby ခါးသက်သက်ပြုံးမိတယ် ။ နောက်ဆုံးတော့လည်း ဒီဆေးမှုန့်တွေကြား ဒူးထောက်ရမယ့် ရောက်လာပြီလား ။ သူမက ဘယ်လောက်တောင် ပျော့ညံ့လိုက်သလဲ ။ အသဲကွဲတယ့် ဒဏ်ကို မခံစားနိုက်လို့ ဆေးသုံးတော့မယ်တယ့် ။

ဘေးနားက Joy နဲ့ Nayeon ကတော့
သူမကို နားမလည်စွာ လှမ်းငေးနေသည် ။ Ruby တို့ အခုရောက်နေတာက Bar ရဲ့ သီးသန့်ခန်းတစ်ခု ။ ဒီ Bar မှာ ဒီလိုအခန်းငှားမယ်ဆိုရင် ပိုက်ဆံကို သောက်သောက်လည်ကုန်တယ် ။ ဒါက ဘာအရေးလဲ ။ သူမ ဂရုမစိုက်ဘူး ။

" ဘာတွေ ဒီလောက် ခံစားနေရလို့ ဆေးသုံးမှာလဲ Ruby ။ Bar ထဲမရောက်ခင်အထိ တောင် နင်ရွှင်ပြပြပါ "

Jisoo ကြောင့် နာကျင်လို့ ဒီလိုလုပ်တယ်ဆိုတာကို သူမ ဘယ်လိုပြောရမလဲ ။ ရင်ထဲမှာ
တဆစ်ဆစ်နာနေတယ့် ခံစားချက်ကြီးက ဆိုးဝါးလွန်းတယ် ။ မျက်လုံးထဲ ခဏခဏ မြင်ယောင်လာတယ့် ပုံရိပ်တွေကြောင့် သူမ ကိုယ့်ကိုကိုယ်တောင် မုန်းလာတယ် ။

" ရှူလိုက်ရုံပဲ မဟုတ်လား..."

သူမ မေးတော့ Joy ကခေါင်းညိမ့်ပြတယ် ။
Ruby သက်ပြင်းတစ်ချက်ချရင်း ဆေးသုံးမို့ ပြင်တုန်းမှာပဲ ရုတ်တရက် ပွင့်လာတယ့် အခန်းတံခါးသံကြောင့် သူမတို့ သုံးယောက်လုံးရဲ့
အကြည့်တွေဟာ တံခါးဝဆီ ။

" ကျစ်!  မင်းကွာ!!! "

Ruby နံရံတွေထဲ တိုးဝင်သွားလိုက်လို့ ရရင်ကောင်းမယ် ။ သူမကို စိတ်ပျက်စွာ ကြည့်နေတယ့် Jisoo ရဲ့ အကြည့်စူးစူးတွေကို
သူမ ရင်မဆိုင်နိုင်ဘူး ။ Jisoo သူမကို အထင်သေးသွားပြန်ပြီလား ။

မဖိတ်ခေါ်တယ့် မျက်ရည်တွေဟာ ပါးပြင်ပေါ်စီးဆင်းလာရပြန်တယ် ။ Jisoo က သူမဆီ လျှောက်လာတယ် ။ ပြီးတော့ ဒေါသတကြီး စားပွဲပေါ်က ဆေးမှုန့်တွေကို ကန်ထုန်ပစ်လိုက်သည် ။

Ruby မှာ ဆွံ့အစွာ ကြမ်းပြင်ပေါ် ပြန့်ကြဲသွားတယ့် ဆေးမှုန့်တွေရယ် သူမရှေ့က Jisoo ရယ်ကို ကြည့်ရင်း ဘာမှမပြောနိုင် ။

" ငါတကယ် မင်းကို ပြောစရာစကားတောင်
မရှိတော့ဘူး Ruby Jane !!! မင်းဒီလောက်တောင် ပျက်စီးနေပြီလား! ဟင်! "

AMOUR Donde viven las historias. Descúbrelo ahora