<Zawgyi/>
မနေ့ညက ငိုယိုပြီး
ဘယ်လို အိမ်ပြန်ရောက်လာခဲ့လည်းမသိပါ ၊
စိတ်နဲ့ကိုယ်နဲ့ မကပ်ခဲ့တာမို့
အရက်မသောက်တောင် ကြားထဲက အဖြစ်အပျက်တွေ
ပြန်မစဉ်းစားနိုင် ။ငိုထားတာ များလို့နေမယ်
သူမ ရဲ့ ခေါင်းတွေ အတော်ကိုက်ခဲနေသည် ။Ruby ရဲ့ မှတ်ဥာဏ်က ဟိုအခန်းထဲက
ငိုပြီး ပြေးထွက်ခဲ့တယ်ဆိုတယ့်အထိပဲ ၊မနေ့ညက
အနောက်က Jisoo လိုက်လာလိမ့်ပြီး
တစ်ခုခုပြောမယ် စဉ်းစားခဲ့မိပေမယ့်
Jisoo က လိုက်မလာခဲ့ဘူး ။Jisoo က သူမအပေါ်
ခံစားချက်တစ်ခုခု ရှိနေမယ် မျှော်လင့်ထားခဲ့မိတာ ။
အဟက် တကယ်တော့ အဲ့တာက
Ruby ရဲ့ တစ်ဖက်သက် အတွေးနဲ့ မျှော်လင့်ချက်ပါပဲ ။အခုလည်း တစ်ညကုန်ဆုံးသွားပေမယ့်
Jisoo က သူမကို ဆက်သွယ်လာတာမျိုးမရှိဘူး ။
Message လေးကို ပို့မလာခဲ့ဘူး ။
ဖုန်းရဲ့ မျက်နှာပြင်ဟာ ငြိမ်သက်နေသည် ။ညလုံးပေါက်ငိုထားလို့ ခေါင်းတွေ
အုံခဲပြီး မျက်ရိုးတွေ ကိုက်ခဲနေပြီ ။ အခုလည်း
အိပ်လို့မရပြန်ဘူး ၊ မျက်လုံးမှတ်မိတိုင်း အတွေးတွေ
ပိုနယ်ချဲ့မိလို့ သူမ မအိပ်ချင်ဘူး ။ညက Jisoo ကို
Ruby အကုန်ဖွင့်ဟ ပစ်ခဲ့တာ ။
ဒီခံစားချက်တွေကို ထိန်းသိမ်းနေရတာ သူမ
သိပ်လေးလံနေပြီ ၊ သူမရဲ့ စိတ်ကို ရိပ်မိလောက်တာတောင်
မသိချင်ယောင်ဆောင်လွန်းတယ့် Kim Jisoo ကြောင့်လည်း
ပါတယ် ။ အခုလို ဖွင့်ထုတ်ပစ်လိုက်တော့ရော....၊
Kim Jisoo က ဆက်ပြီး
မသိချင်ယောင်ဆောင်နေတာပဲ ။အဖေနဲ့လည်း မနေ့ညက
စကားများပြီးပြီ ။ ငိုယိုရင်း အိမ်ထဲဝင်လာတယ့် Ruby ကြောင့်ပဲပေါ့ ။ ရည်ရွယ်ထားတယ့်သူ ရှိတယ့် လူတစ်ယောက်ကြောင့်
တမ်းတမ်းစွဲဖြစ်နေပြီး တငိုငိုတရီရီ ဖြစ်နေတယ့်
သမီးမျိုးရှိတာ ရှက်တယ်တယ့် ။
အဲ့မှာပဲ အကြီးအကျယ်စကားများကြတာပဲ ။Ruby , Jisooအပေါ်ရှိတယ့် ခံစားချက်ကို
အခုလို အပေါစားပုံစံဖြစ်အောင် ပြောတယ့်
အဖေ့ရဲ့ စကားတွေကလည်း Ruby ငိုနေတယ့်
အကြောင်းအရင်းထဲက တစ်ခုပဲလေ...။