amour (25)

1K 134 33
                                    


Unicode

အစ်မ Jiseon နောက်လမှာကျင်းပမယ့်
fashion ပွဲနဲ့ပတ်သတ်တယ့် အကြောင်းတွေ
ပြောနေပေမယ့် သူမ စိတ်အာရုံထဲ ဘာစကားလုံးမှမဝင် ။ ကော်ဖီဆိုင် အပြင်က လမ်းမကိုပဲ လှမ်းငေးရင်း သူမ အာရုံတွေဟာ ပျံ့ကျဲနေတယ် ။

ဒီအလုပ်နဲ့ပတ်သတ်ပြီး သူမ သိပ်ဝါသနာပါပါတယ် ။ သူမ စိတ်ဝင်စားတာ ဒါဆိုတာ သိလို့လဲ ဘွဲ့မယူတော့ဘဲ ကျောင်းပါထွက်ခဲ့ပြီး အာရုံစိုက်ခဲ့တာ ။ ပြီးတော့ သူမကို ကမ်းလှမ်းခဲ့တာက Jisoo ရဲ့ အစ်မ ဖြစ်သူဆိုတယ့် အသိလည်းပါတယ် ။ အဲ့တာကြောင့် စဥ်းစားကြည့်ရင်း ဒီအလုပ်ကို လက်တွဲခဲ့တာ ။

အဖေကလည်း သူမနမည်နဲ့ အစ်မ Jiseon ရဲ့
Cloth brand မှာ ရှယ်ယာဝယ်ပေးထားတယ် ။ သူ့သမီး သေမလိုဖြစ်နေရာက အလုပ်တွေ ထလုပ်နေတော့ ကျောင်းထွက်တာတောင် မဆူဘူး ။

သူမ ဒီအလုပ်ကို ဦးစားပေး စဥ်းစားခဲ့တယ့်
အကြောင်းအရင်းက Jisoo ကြောင့်ပဲလေ ။ တကယ်တော့ Jisoo က သူမရဲ့ အရာရာတိုင်းမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပတ်သတ်နေတာပဲ ။ သူနဲ့ပတ်သတ်တာတွေကိုပဲ သူမရွေးလုပ်နေမိတာလားတော့မသိဘူး ။

သူကိုယ်တိုင်ကပဲ သူမရဲ့ အရာရာ
ဖြစ်နေတာလား ။

မနေ့ညက အဖြစ်အပျက်တွေ ပြန်တွေးကြည့်တောင် သူမ Jisoo ကို စိတ်မကုန်နိုင်ပြန်ဘူး ။ သူမကို တစ်ချက်တောင် စိတ်မပူပဲ ကားမောင်း
ထွက်သွားတယ့် လူတစ်ယောက်ကို စိတ်မပျက်နိုင်တယ့် သူမက တကယ့်ကို ဟာသပဲ ။

" ဖြတ်သွားတာ ကားဘယ်နှစ်စီးတောင် ရှိပြီလဲ "

" ဟင် "

အစ်မ Jiseon ရဲ့ အမေးကြောင့်
သူမ ဆတ်ခနဲ လမ်းပေါ်က အကြည့်လွဲလိုက်တယ် ။

" လမ်းပေါ်ပဲ တစ်ချိန်လုံးငေးနေလို့လေ ။
ဘာတွေ အဲ့လောက်အတွေးများနေတာလဲ "

သူမ ဘာမှ ပြန်မပြောဘဲ အစ်မ Jiseon ကို
ကြောင်မိသာ ငေးကြည့်နေမိပြန်တယ် ။
သူမ စိတ်နဲ့လူနဲ့ အတော်လေးမကပ် ဖြစ်နေတာပဲ ။

" ပြောရင်းဆိုရင်း ဖြစ်သွားပြန်ပြီ ။ အမ်...ခဏ Ruby "

မြည်သံထွက်ပေါ်လာတယ့် စားပွဲပေါ်က
ဖုန်းကို အစ်မ Jiseon က ကောက်ကိုင်လိုက်တယ် ။
Ruby အရှေ့က ကော်ဖီခွက်ယူပြီး သောက်မိတယ် ။

AMOUR Where stories live. Discover now