amour (19)

973 140 31
                                    

<Zawgyi/>

လေယာဉ်ပေါ်တွင် ထိုင်နေလျက်ပင်
သူ့ရဲ့စိတ်နဲ့ကိုယ်ဟာ မကပ်နိုင် ။ သူတို့ဘေးနားသို့
လေယာဉ်မယ်လေးက အစားအသောက်ဝန်ဆောင်မှုလာပေးတော့
အစ်မ Jiseon က ငြင်းတယ် ။
သူကတော့ ဘေးပတ်ဝန်းကျင်ကိုပင်
သတိမရနိုင်ဘဲ စိတ်ထဲ အတွေးထဲ ဗလာကျင်း
လို့နေတယ် ။

Young က accient ဖြစ်တယ့်လား ။ သူ့နားသူ
အခုထိမယုံနိုင်သေးဘူး ။ ဒါကြောင့် ပုံမှန် ဒီအချိန်
သူ့ဆီ ဖုန်းဆက်နေတယ့် Young က
မဆက်သွယ်ခဲ့တာလား ။

သူလည်းဒီနေ့မှ အလုပ်ရှုပ်နေတာမို့
ဖုန်းမဆက်ခဲ့တယ့် Young ကို သတိမထားမိခဲ့ဘူး ။
သူ Young အပေါ် ဘာလို့များ
ပေါ့လျော့မိသွားတာလဲ ။ တကယ်တော့ အမြဲတမ်း
သူပေါ့လျော့နေကြပဲ ။

ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း
Jisoo သက်ပြင်းရှည်ရှည်တစ်ချက်ချမိသွားတယ် ။
သူက ဘာလို့ ဒီလောက်တောင်
စိတ်ပျက်စရာကောင်းရတာလဲ ။

" Chaeလေးက အန်တီနဲ့ဖုန်းပြောနေရင်းက လမ်းဖြတ်ကူးရင်း
ဖြစ်သွားတာတယ့် ။ တဖက်ကားက ဘရိတ်ပေါက်
သွားတာတယ့် ။ အခုထိ Operating room ထဲမှာလို့
ပြောတယ် "


အစ်မ Jiseon က
လေယာဉ်ပေါ်မတက်ခင် အဖေနဲ့ ဖုန်းပြောခဲ့တယ့်
အကြောင်းအရာတွေကိုဘေးနားကနေ ပြောပြပေးနေတယ် ။
Jisoo ရဲ့နားထဲမှာတော့
ထိုစကားတွေဟာ ကြားတစ်ချက် မကြားတစ်ချက် ။ 
သူ့အတွေးထဲ ဘာတွေရှိနေလို့လဲဆိုတော့
ဘာမှ မရှိဘူး ။ ခေါင်းထဲ ဗလာဖြစ်နေသလိုပဲ ။

မျက်လုံးထဲမှာပဲ Young ကိုမြင်ယောင်မိတော့
သူချွေးပျံလာရတယ် ။ သူ စိတ်ပူလွန်းလို့ရူးတော့မယ် ။

~ ~ ~

လေယာဉ်ဆင်းတာနဲ့ ချက်ချင်း
ရရာ Taxi နဲ့ Young ရှိရာဆေးရုံကို သူနဲ့ အစ်မ
အပြေးလာခဲ့တယ် ။ Japan နဲ့က လေယာဉ်စီးချိန်
သိပ်မရှိတာသလို သွားရတာ မခက်ခဲလို့ တော်သေးသည် ။

သတင်းကြားကြားပြီးချင်း ရုံးကနေ ကမ်းကတန်းပြေးလာတယ့်
Jisoo ဟာ အခုထိ အလုပ်ဝတ်စုံနဲ့ပဲ ။ ဒီအချိန်မှာ
ဒါတွေအာရုံစိုက်နေဖို့ အချိန်မရှိဘူး ။။

ဆေးရုံထဲ မပြေးရုံတမယ် ဝင်သွားတယ့်
Jisoo နောက် အစ်မ Jiseon ဟာ မနည်းလိုက်လာခဲ့ရတယ် ။
Young ဘယ်မှာရှိနေလဲ မသိလို့
အစ်မ Jiseon က ဖုန်းဆက်ပြီး လှမ်းမေးမယ် ကြံတော့
ဆေးရုံကောင်တာဘေးမှာ သူတို့ကို
ထွက်စောင့်နေတယ့် အဖေ့ကြောင့် ကျေးဇူးတင်ရမယ် ။

AMOUR Where stories live. Discover now