amour (26)

1K 118 7
                                    

Unicode

ဦးတည်ချက်ကို မမေးဘဲ
လိုက်လာခဲ့ရင်း ကားသွားနေတယ့်ပတ်ဝန်းကျင်က ရင်းနှီးနေတယ့်
သူမရဲ့ အိမ်ပြန်လမ်းဖြစ်နေသည်မို့
Jisoo ကို ဆတ်ခနဲ ကြည့်လိုက်မိတယ် ။

" အိမ်ပြန်ပို့ပေးနေတာလား "

သူမရဲ့ အသံက အလိုမကျတယ့်လေသံ
နဲ့မို့ Jisoo က သူမကို လှည့်ကြည့်လာတယ် ။

" Jane အိမ်မပြန်ချင်သေးဘူး..."

" ဟမ်..."

" Jane...ရှင်နဲ့ ရှိနေချင်သေးတာလေ ။
အိမ်မပြန်ချင်သေးဘူး "

Jisoo ကဘာမှပြန်မပြောဘဲ
ကားကိုဆက်မောင်းနေတာကြောင့်

" ရှင်ပါအိမ်ထဲလိုက်ခဲ့မယ်ဆိုရင်
ဆက်မောင်း...။ လိုက်ပို့ပြီး ပြန်သွားရင်
ခြံရှေ့ ငုတ်တုတ်ထိုင်နေမှာ! "

သူမ ဆောင့်အောင့်အောင့်ပြောရင်း
Jisoo ကိုပါ မျက်စောင်းထိုးလိုက်တယ် ။

" Jane...ဘယ်လိုဖြစ်နေတာလဲ "

ပြောရင်း Jisoo က ကားကို
လမ်းဘေးကပ်ရပ်လိုက်တယ် ။
Ruby အိမ်ကိုတော့ တစ်လမ်း
လောက်လိုသေးတယ် ။
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာမို့ ပတ်ဝန်းကျင်မှာ လူတောင်
မရှိသယောင် ။ အမှောင်ထုထဲမှာ
ခပ်ဖျော့ဖျော့ လမ်းမီးရောင်လေး
ရှိသည် ။

ကားထဲက လေထုဟာ
တိတ်ဆိတ်အေးခဲနေတယ် ။
Jisoo ကလည်း တိတ်တဆိတ်ပဲ
ထိုင်နေတယ် ။ စိတ်ရှုပ်ထွေးနေတယ့်
သူ့ပုံစံကို Ruby သတိထားမိတယ် ။
အသိစိတ်မကပ်တယ့် အာရုံလွင့်နေတယ့်
လူတစ်ယောက်လိုပဲ...။

" Ji...Jiရဲ့ မိဘတွေကို ကြောက်လား "

တိတ်ဆိတ်မှုကို သူမကပဲ
ဖြိုခွင်းလိုက်တယ် ။ သူမရဲ့အမေးကြောင့် Jisoo က သူမကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ အကြည့်ပြန်လွှဲသွားရင်း

" အဖေနဲ့အမေ လျစ်လျူရှူလိုက်မှာ
ကိုကြောက်တာ ။ လောကမှာ အလေးစားရဆုံးက မိဘတွေပဲလေ ။ အဲ့လိုလူတွေနဲ့ လျစ်လျူရှူခြင်းခံရမှာက
ဘယ်လောက်တောင် ဆိုးဝါးလိုက်လဲ "

ထပ်ပြီး Jisoo ကပဲ

" အမှန်တော့ အဖေနဲ့အမေက
စည်းစနစ်ကြီးတယ့်လူတွေ ၊ အရာရာ
သူတို့စိတ်တိုင်းကျပဲ ဖြစ်ချင်တယ့်
လူမျိူးတွေလေ ။ အရမ်းကို တော်ကြပြီး
ထက်မြက်တယ့်လူတွေ...ပြီးတော့ နမည်နဲ့ ဂုဏ်ကိုလည်း သိပ်တန်ဖိုးထားတယ် ။
Ji ငယ်ငယ်ကတည်းက အဖေနဲ့အမေက
သူတို့ပုံစံသွင်းပြီး ကြီးပြင်းလာစေတာ...အရာရာကို သူတို့သဘောထားနဲ့ပဲ လုပ်ခဲ့ရတာချည်းပဲ...။ အမ်...​ဆန့်ကျင်ဖို့လည်း စိတ်မကူးမိဖူးဘူး...ကိုယ်တိုင်
သက်သက်ဖြစ်ချင်တယ့် စိတ်ကူးဆိုတာ
မျိုး မရှိဘူးတာမို့ အရင်က အဖေနဲ့အမေစကားကိုတစ်သွေမတိမ်း
နားထောင်နေရလည်း မွန်းကြပ်တာမျိုး
မရှိခဲ့ဖူးဘူး ။ ဒါပေမယ့် အခုတော့....
မွန်းကြပ်လွန်းလို့ ရူးတော့မလိုပဲ ။ မိဘတွေအိမ်တောင် မသွားချင်တော့ဘူး..."

AMOUR Where stories live. Discover now