amour (16)

1.1K 140 9
                                    


<Zawgyi/>
ပတ်ဝန်းကျင်ဟာ အမှောင်ခွင်းပြီး တိတ်ဆိတ်နေတယ်...။
ခမ်းလှမ်းလှမ်း ဟန်မြစ်လယ်က မီးရောင်ထိန်နေတယ့်
တံတားကြီးကိုတော့ လှမ်းမြင်နေရတယ် ။

တံတားပြင်ပေါ် သွားနေတယ့် ကားတွေလိုပဲ
Jisoo ရဲ့ ခေါင်းထဲ အတွေးတွေဟာလည်း
အစီအရီနဲ့ ရောယှက်နေတယ် ။

သူ့ရဲ့ပုခုံးတဖက်ပေါ် ခေါင်းမှီနေတယ့် ကောင်မလေးကော
ဘာတွေတွေးနေမလဲ...။
Jane က  သူ့ရဲ့လက်ဖဝါးကို  ဆုပ်ကိုင်ထားပြီး
့သူ့ရဲ့ လက်ချောင်းတွေကို ဟိုထိဒီထိနဲ့ ဆောကစားနေတယ် ။

" J...."

" ရှင့်ရဲ့ အရမ်းမြင့်လွန်းတယ့် ဦးနှောက်နဲ့
တွေးထားတယ့်စကားတွေ ပြောပြီး Jane  ရဲ့
အပျော်တွေကို မဖျက်ဆီးနဲ့...။ Jane ပျော်ချင်သေးတယ်..."

သူ့စကားကို ကြိုပိတ်ပြီး ပြောတယ့်
Jane ကြောင့်  Jisoo သက်ပြင်းအသာချမိတယ် ။

Jane အခုပျော်နေတာလား...။
သူကကော...ပျော်နေရဲ့လား ။ Jane အနားမှာ
ရှိနေလို့ ပျော်ပေမယ့် ခေါင်းထဲ ထပ်တလဲလဲဝင်လာတယ့်
အတွေးတွေကြောင့် စိတ်ပူမိတယ် ။

သူစည်းကျော်မိလိုက်သလား...မကျော်မိလိုက်ဘူးလား ။
အသက်ရှင်လာတယ့် ကာလတစ်လျှောက်လုံးမှာ
ပထမဆုံးအနေနဲ့ စိတ်ကိုလွှတ်ချခဲ့မိတယ် ။

ချစ်ရတယ့် ကောင်မလေးဆိုးလေး
သူမရှောင်လွဲရက်နိုင်ခဲ့ဘူး ။  သူ Jane ကို
ချစ်တယ်...။ သိပ်ကို ချစ်တယ်...။

Jane အနားမှာဆို
သက်သောင့်သက်သာရှိတယ်...။ ပြီးတော့
Jane က သူ့ရဲ့ ရေခဲလိုစိတ်ကို အမျိုးမျိုးခြယ်လှယ်ခဲ့တယ့်
မိန်းကလေးဖြစ်တယ်...။

ပုခုံးပေါ်မှီနေရင်းကနေ Jane
ထလာပြီး သူ့ကို ငေးကြည့်တယ်...။ ပြီးတော့

"  အရာရာက မျက်လှည့်လိုပဲ...။
Jane နေ့လယ်ကတောင် သေလိုက်ရမလားတွေးခဲ့သေးတယ် ၊
ဒါပေမယ့် မလုပ်ခဲ့မိဘူး...Ji ကို မမြင်နိုင်တော့မှာ ကြောက်လို့.."

ရင်ထဲ ဆစ်ခနဲ ဖြစ်သွားတယ် ။
Jane သာ တစ်ခုခုဖြစ်သွားရင်
ရင်ကျိုးရမှာ...။

AMOUR Where stories live. Discover now