Part 1 ( Zawgyi )

15.3K 327 1
                                    

J ဆိုသည့် လူငယ်တွေကြားရေပန်းစားလှသည့် ကလပ်အတွင်း သီချင်းသံ Base သံနှင့် DJ သံများ ဆူညံလျက်။

အဖော်အချွတ်မိန်းကလေးအများအပြား အပြင် သောက်စားမူးရူးနေကြသည့် လူကြီးလူငယ်အချို့လဲရှိသည်။သာမာန်ကြည့်ရင် ရိုးရိုးကလပ်လို့ထင်နိုင်ပေမဲ့ လူတော်တော်များများမသိကြသည်မှာ ဒီကလပ်၏ အဓိက ငွေဝင်သည့်နေရာ ကာစီနိုနှင့်လောင်းကစားဝိုင်းများသာဖြစ်သည်။

"ဟျောင့် ဟိုမှာ ခ ဆိုတဲ့ကောင်"

"သားယီးသွားကြည့်မနေနဲ့လေ သူ့ကိုကြည့်တယ်ဆိုပြီး ငါတို့ကို ဘလိုင်းကြီး ကြုံးသွားလို့ လှနေဦးမယ်"

"အေး အေးပါ !!"

လူအများကတော့ သူ့ကို အာရုံကျနေပေမဲ့ ထိုသူကတော့ သူကိုင်ထားတဲ့ ဝီကစီခွက်ကိုသာ စိုက်ကြည့်နေသည်။

ထိုသူ၏ ပုံပန်းသဏ္ဍန်ကို အပေါ်ယံကြည့်ပြီးပြောမယ်ဆိုရင်တောင် ထိုသူဟာ ယောကျာ်းတစ်ယောက်အနေနဲ့ ကြည့်ကောင်းတာထပ်ကိုပိုသည်ဟု ပြောလို့ရသည်။

အရပ်က ခန့်မှန်းခြေ ၆ပေနှင့်အသားအရည်က ဖြူတဲ့ဘက်သွားသည်။Body မှာ ကျစ်ကျစ်လျစ်လျစ်ဖြင့် ထိုသူ၏ လက်သွယ်သွယ် လေးတွေအပြင် မြင်နေရသည့် လက်ဖမိုးကိုကြည့်မယ်ဆိုရင်တောင် သွေးကြောစိမ်းများကထင်းခနဲ။

လူအများကြားမှာ ဘာလို့ ခ တစ်ယောက်ပဲ ကွက်ပြီးထင်းနေလဲဆိုတာ ပြောရရင် သူရဲ့အားသာချက်က သူတပ်ထားတဲ့ လေးထောင့်မကျ အဝိုင်းမကျ မျက်မှန်ကြောင့်သာဖြစ်သည်။

မညာတမ်းပြောရရင် အဲ့မျက်မှန်လေးက ထိုသူနှင့် လိုက်ဖက်လွန်းလှသည်။

ခ ကိုမျက်တောင်မခတ် ကြည့်နေကြတဲ့ လူတွေကို အကဲခတ်ရမယ်ဆိုရင် မိန်းကလေးအများစုက ထိုသူကို ရရင်ရသလိုဝင်လုံးမည့်ပုံ,ခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့်ဘဲကြီးတွေကို အကဲခတ်ရမယ်ဆိုရင် ပါးစပ်က သွားရည်မကျရုံတမယ် ငမ်းနေကြတာ ဘုန်းမာန်ခ ဆိုသည့် ထိုသူကို အလွန်သဘောကျနေပုံ။

"ဟျောင့် ခ !!"

ခ ရဲ့ သူငယ်ချင်းနှစ်ယောက်ဝင်လာတော့ လူတိုင်း၏မျက်လုံးများသည် ခ ထံမှ အကြည့်လွှဲသွားရသည်။ဒီထပ်ပိုပြီး မကြည့်ရဲတော့တာကြောင့်ဖြစ်သည်။

ʀᴇɴᴏWhere stories live. Discover now