"ခ ခြေထောက်ဘယ်လိုနေလဲ"
"သက်သာနေပါပြီဆို ငါဂျွမ်းထိုးပြမှယုံမှာလား"
"အော် အေးပါ"
စိတ်ပူလို့မေးတာကို , တစ်ခါတစ်ခါ စဉ်းစားမိတယ် ဒီလောက်စောက်ကြောတင်းတဲ့အကောင်နဲ့ ဘဝရဲ့သက်တမ်းတစ်ဝက်လောက်ရှိပြီတူတူနေလာတာ တစ်ခါမှ ကြီးကြီးမားမားရန်ဖြစ်ကြတာမျိုးမရှိ။ထူးဆန်းတယ် ရေစက်များလား...
"ခ ဒီနေ့အဒေါ်မွေးနေ့နော် သွားမလား"
"သွားမှာပေါ့ကွာ"
ချစ်စနိုးနဲ့ အဒေါ်ကို ကို အန်တီပုလို့ခေါ်ပေမဲ့ အဒေါ်က ကျွန်တော်တို့နဲ့သွေးမတော်သားမစပ်။ကျွန်တော်တို့သုံးယောက်လုံးက မိဘမဲ့ဂေဟာမှာ သိခဲ့ကြတာ အသက် ၁၄ နှစ်မှာ သုံယောက်လုံး အဲ့ကထွက်ပြေးခဲ့တယ်ဆိုပါတော့ , Free နေရတယ် ကျောင်းလဲထားပေးတယ်ဆိုပေမဲ့ အရွယ်ရောက်တော့ အပြင်ထွက်ပြီး အလုပ်တွေလုပ် ပိုက်ဆံတွေရှာချင်လာတာ အဲ့တုန်းကလဲ ခ ပဲ ဦးဆောင်ပြီး ပြေးတာ , ဒီကောင်က ကျွန်တော်တို့ ညီကိုနှစ်ကောင်ကိုပါ အပါခေါ်လာခဲ့တယ်ဆိုပါတော့။
အဲ့ကနေထွက်လာပြီးမှ လူဆိုးတွေဖြစ်သွားကြတာ ခုထိ , အတန်းပညာလဲ မယ်မယ်ရရ မတတ်တဲ့အပြင် အားကိုးစရာ ဆွေးမျိုးရင်းချာလဲမရှိပေမဲ့ လက်ထဲမှာ ငွေကတော့မပြတ်။
ခ ကလဲ သူ့နည်းသူ့ဟန်နဲ့သူ ဘယ်အလုပ်ပဲလုပ်လုပ် သွက်သွက်လက်လက်ရှိတဲ့အပြင် ကျွန်တော်တို့ ညီကိုနှစ်ကောင်ကလဲ သူများကိုဆို အရမ်းလူလည်ကျတတ်သည်။
တစ်ခါတစ်ရံအလုပ်လုပ်ရင်း မာဖီးယားတွေ , ယာကူဇာတွေလက်ထဲရောက်သွားပေမဲ့ ဘယ်ဘုရားကဆင်းဆင်းကယ်မှန်းမသိ အမြဲ အသက်ဘေးကနေ သီသီလေးလွှတ်လာသည်။
"ဟဲ့ကောင် !! ဘာလုပ်နေတာလဲ သွားမယ်လေ"
ဒီကောင်ဘာလဲ အိမ်ပြန်ရောက်ထဲက လူကို ပြုံးပြုံးကြီးကြည့်နေတာ ငါနဲ့မနေတာကြာသွားလို့ပဲ ဂေါက်သွားတာများလား။
"အေး လာပြီဟ"
ကားပေါ်တွင်.....
"ခ မွေးနေ့လက်ဆောင်ကကော"
![](https://img.wattpad.com/cover/310655861-288-k828943.jpg)
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.