Part 30 ( Unicode )

12.4K 816 21
                                    

"အကို အဆင်ပြေရဲ့လားဗျာ"

"ဟိတ်ကောင် ငါ့ကိုကိုနားမကပ်နဲ့နော် သွားထိမယ်လို့တောင် မစဉ်းစားနဲ့"

"အော် အင်းပါ"

"ထွက်သွား ခုချက်ချင်းအခန်းထဲကထွက်"

လူကသာ အိပ်ရာပေါ်ကခုထိထမရသေးတာ ဘဲကြီးပြန်လာတာနဲ့ တစ်အိမ်လုံးကိုမွှေပြီ။တကယ်ပါ မြင်မကောင်းဘူး အစကတော့ သူပဲလွမ်းလှချည်ရဲ့ဆိုပြီး မျက်ရည်နဲ့ မျက်ခွက် ခုများကျတော့ ဘာတွေစိတ်အလိုမကျဖြစ်ပြန်ပြီမသိ ဘဲကြီးကို နံရံကပ်ပြီး ဒူးထောက်လက်မြှောက်ခိုင်းထားသည်။

ဒီအိမ်ရဲ့ အရှင်သခင်က သူ့လင်လား သူလားကိုမသဲကွဲဘူး။ ရေတောင်ပေးသောက်တဲ့ပုံမပေါ်တော့ ရေခွက်လေး‌ကမ်းပေးရင်း အဆင်ပြေရဲ့လားမေးမိတော့လဲ သူ့ကိုကိုအနားမကပ်နဲ့တဲ့။

ဒီကောင်အရင်က ခုလိုတွေတစ်ခါမှမပြောဖူး။ဘာလဲ အချစ်နဲ့တွေ့တော့ အရှက်မရှိတော့တာလား၊ရှက်ကြောပါပြတ်သွားတာလား။အဲ့လောက်ချစ်နေကြရင်လဲ ပူးကပ်ပြီးနေပါတော့လား  အဆန်းတွေလျှောက်ထွင်ပြီးအချစ်စမ်းနေတယ်။

တစ်ဖက်အခန်းတွင်

"ကိုကို ! ခင်ဗျားအပြစ်ခင်ဗျားသိတယ်နော်"

"သိပါတယ်ဗျာ"

"ဘာလဲပြော"

"ကိုယ့်ကိုစိတ်ပူအောင်လုပ်မိတာပါခင်ဗျာ"

ဒီကလေးကတော့ တကယ်မနိုင်။တစ်ညလုံးအငိုတိတ်အောင်နည်းမျိုးစုံနဲ့ချော့ထားရတာ မနက်ရောက်ခါနီးမှ အိပ်ပျော်သွားတာကို ဒီမနက်အစောကြီးနိုးနေပြီးလူကို အတင်းဖက်နေသည်လေ။

အေးလို့လားလို့မေးတော့ , မဟုတ်ဘူး ကိုကိုပျောက်သွားမှာစိုးလို့တဲ့။အဲ့ဒီအချိန်ထိကိုငြိမ်နေသေးတာ နေလဲထွက်လာရော ဟင့် ကိုကို့ကိုမုန်းတယ်ဆိုပြီး လူကို ကုတင်ပေါ်ကကန်ချ ခေါင်းအုံးတွေနဲ့ပစ်ပေါက်လိုပေါက်နဲ့ တစ်အိမ်လုံးနိုးသွားရတဲ့အပြင် အကို Ram တောင် ညီအဆင်ပြေရဲ့လားလို့မေးယူရတဲ့အထိ။

ကဲ ကိုယ့်ဘယ်လိုလုပ်ပေးရင် ခ ကျေနပ်မှာပဲပြောဆိုတော့ နံရံကပ်ဒူးထောက်လက်မြှောက်ပြီး ကိုကိုဘာမှားဆိုတာ စဉ်းစားနေတဲ့။

ʀᴇɴᴏWhere stories live. Discover now