"ကျစ် !! မောင်ထွက်လာတော့လို့ပြောနေတယ်နော်"
"အင်းပါ လာပါပြီဆို !!"
တကယ် လွှတ်ထားပေးလို့ကိုမရတဲ့ ခင်ဗျားလေး။ အခုမှအဖျားပျောက်ခါစကို ရေချိုးနေရတယ်လို့ ဒီလိုပေါက်ကရတွေလုပ်မှာစိုးလို့ မနက်ထဲက စောင့်ကြည့်နေတာ ခဏလေး ဖုန်းပြောမိပါတယ် Bathroom ထဲရောက်သွားရတယ်လို့။
ဒီနေ့ Boss တို့အိမ်သွားမဲ့နေ့။ မြတ်နိုးရတဲ့ လူသားလေးက ဒီနေ့အဲ့အိမ်ကိုလိုက်ပို့ရကောင်းစေတဲ့။ လင်နောက်လိုက်လာတာ တစ်ပါတ်မပြည့်သေးဘူး အိမ်ကိုလွမ်းနေပြီဆိုပဲ။
ဘယ်လိုပဲနေနေပါ နေမကောင်းချင်သလိုပြန်ဖြစ်လာရင်တော့ အလိုလိုက်တော့မည်မဟုတ်။
"ဟီး မောင်"
ကျစ် ! လုပ်လာပြန်ပါပြီ။ Tower ကိုခါးကနေပဲ အသာပတ်ထားတာ ၊ ရေကပြောင်အောင်မသုတ်ခဲ့ဘူး။
ချပ်ရပ်နေတဲ့ ဗိုက်သားလေးပေါ်က ရေစက်လေးတွေ ၊ ရေကိုသေချာမသုတ်ခဲ့ပဲ ဆံပင်လေးကို နောက်ပြန်လှန်တင်ထားတော့ တွေ့ရခဲ့တဲ့ ပညာရှိနှာဖူးလေးရယ် မဲနက်နေတဲ့ မျက်ခုံးတန်းလေးတွေရယ် ၊ မျက်တောင်လေးတွေပေါ်က ရေစက်လေးတွေရယ် ၊ နှုတ်ခမ်းဖူးဖူးလေးတွေရယ်က ဒီကောင်မောင့်ကို စိန်ခေါ်နေသည့်အလား။
ဟင်း ! ဆွဲလုပ်လိုက်ရင် မကောင်းရှိတော့မယ်။
"မောင်ရေသုတ်ပေးမယ် လာ"
"ရပါတယ် ငါ့ဘာငါ....."
"လာဆိုလာ !!"
တကယ်ပါ ခေါင် မောင့်အပြောဆို လုံးဝမငြင်းဆန်နိုင်ဘူး ၊ အပြစ်ကလဲလုပ်ထားသေးသည်မို့ မောင်က လာဆိုတော့လဲ မောင့်အနားသွားရုံပေါ့။
"ဟိုလေမောင် ရေသုတ်ပေးမှာပဲဟာကို ဘာလို့ငါ့နား ဒီလောက်ကြီးကပ်နေတာလဲ"
"ဒီလောက်လေးကပ်နေတာကို ဒီလောက်ကြီးဖြစ်နေတယ်ဆိုတော့ ဘယ်လိုလဲ ခင်ဗျားကိုမောင့်ပေါင်ပေါ်ဆွဲတင်လိုက်ရမလား"
"ဟီး ရပါတယ် မလုပ်ပါနဲ့ သုတ်သုတ် မောင် မြန်မြန်လုပ်ပေး အေးနေပြီ"
အေးမှန်းတော့သိလို့တော်သေးတယ်။
ကျစ် ! လှရက်လိုက်တာကွာ။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.