ကျစ် !! လှရက်လိုက်တာကွာ,ဒီဝတ်စုံယူလာပေးမိတာ မှားသွားပြီလို့တောင် ထင်မိသည့်အထိ။ဒီကောင်လေးရဲ့ style က တွေ့လိုက်တိုင်း ပေါ့ပေါ့ပါပါးမို့ Suit ပြောင်းဝတ်တာနဲ့ပဲ ဒီလောက်ထိကြည့်ကောင်းသွားမည်လို့ မထင်ထား။
ရေလဲချိုးထားတဲ့ပုံမပေါ် ဒါပေမဲ့ ဘယ်လို ပြင်ပြင်ဆင်ဆင်နေရမလဲဆိုတာတော့ သိတဲ့ပုံပဲ။သူ့ဆံပင်ကို ကားရှေ့ခန်းက နောက်ကြည့်မှန်ကို ကြည့်ပြီး သပ်နေတာများ dinner တက်ရမှာ သူလား ကိုယ်လား မသဲကွဲ။
"ဟိတ်"
"ဘာလဲ !!"
ပြန်ဖြေတဲ့ပုံလေးကိုကကွာ ! နေရာတင်ကိုင်ဆောင့်လိုက်ရင် မကောင်းရှိတော့မယ်,တကယ်ပါဒီဟာလေးစောက်ချိုးကိုမပြေ။
"Dinner မှာ ကိုယ့်ရဲ့ တကယ့် Partner အစစ်လို နေပေးရမယ် ဘယ်လိုလဲ ဖြစ်လား"
"ငါးသိန်း"
"ဘယ်လို !!"
"ဘာလဲ ခ ဆိုတဲ့ကောင်ကိုလွယ်လွယ်ရမယ်လို့ထင်ထားတာလား"
"အော် အေးပါကွာ"
အဟက် !! ပြောချင်တာ သူဈေးမပေါဘူးပေါ့....
"အော် ရောက်ပြီထင်တယ် ကိုကို သွားရအောင်လေ..."
"Hummm,What ??"
ဒီအကို ငါတို့ Boss ကိုဘယ်လိုခေါ်လိုက်တာ,Boss ကိုကြည့်တော့လဲ ကြောင်တောင်တောင်..
"မရစ်နဲ့ ခင်ဗျား ! ကျွန်တော်က တန်ရာတန်ကြေးရတဲ့ အလုပ်ဆို အကောင်းဆုံးလုပ်တယ် ခင်ဗျားပဲ ခင်ဗျား Partner လိုနေဆို !"
ကျစ် !! ဒီဟာလေးနဲ့မှ RENO တစ်ယောက်ပြောစရာစကားတောင်ပျောက်,ပြောသေးတာ လူကို မရစ်နဲ့တဲ့။ခုမှသိတဲ့လူကိုလဲ ပိုက်ဆံလေးငါးသိန်းနဲ့ ကိုကိုလို့ ခေါ်ရဲတဲ့ အထိ ရဲတင်းလှသည်။
ခ , မင်းက တကယ်ဘာလေးလဲကွာ....
"လူကို အဲ့လောက်စိုက်ကြည့်မနေနဲ့ , ကျွန်တော်က ခင်ဗျား မိန်းမနေရာကနေရမှာဆိုတော့ ခင်ဗျားပဲ ကျွန်တော့ခါးကိုဖက်လိုက် လာ သွားမယ် !! အချိန်တစ်နာရီပဲရတာနော်"
"Hum , အေအေ"
မီဒီယာသာမားများနှင့်အတူ လုပ်ငန်းရှင်အတော်အများရှိနေသည်မို့ ထိုကောင်လေးရဲ့ ခါးကိုဖက်ကာ အခမ်းအနား အတွင်းသို့ဝင်လာခဲ့သည်။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.