Part 23 ( Unicode )

13.9K 934 33
                                    

ရှက်ဖို့ကောင်းလိုက်တာ , ခ ဘာတွေအဲ့လောက် ဝမ်းနည်း အားငယ် သွားတယ်မသိ ဘဲကြီးကိုလဲ ကိုကို ကိုကိုနဲ့ခေါ်ကာ အရမ်းငိုမိသွားသည်။

ဘဲကြီးက ခု‌နောက်ပိုင်း ငယ်ငယ်က ကိုကိုနဲ့ တစ်ပုံစံထဲတူပြီး ကိုကိုလိုပဲ ခ အပေါ် ပြုမှုဆက်ဆံနေတာမို့ ခ သတိလက်လွတ်ဖြစ်သွားတယ် ထင်ပါရဲ့။

ဒါပေမဲ့ ဒါလဲကောင်းပါတယ် , အိမ်ကခိုးထွက်လို့ အဆူခံရမှာကို ငိုမိလိုက်တော့ ဘဲကြီးပြန်ချော့တာ‌‌တောင် ခံလိုက်ရသေး။

ကိုကိုက ခ ကို ချစ်တယ်ဆိုတာသိတော့ ခ က ကိုကို့အ‌ပေါ်အရမ်းနိုင်စားမိနေသည် , ကိုကို့ကိုခနခနစော်ကားပြီး စကားနာထိုးမိသည် , ခ မှားမှန်းသိပါတယ် ဒါပေမဲ့ မ‌တောင်းပန်နိုင်ဘူး ခ ကိုတောင် မမှတ်မိတဲ့ လူကြီးကိုများ ဒါပေမဲ့ နောက်တစ်ခါ ဒါမျိုးမပြောမိအောင်တော့ ထိန်းလို့ရပါတယ်။

ခ အရမ်းဆိုးနေတာ ခ လဲ သိတာမို့ ခုကစပြီး ပါးပါးလေးတော့ လိမ်မာပေးလို့ရတယ် , ကိုကိုက ခ နဲ့ပက်သက်ရင် သည်းသည်းလှုပ်မို့ ခ ရဲ့ အပြုအမှု အပြောအဆိုတွေက ကိုကို့အပေါ် ဘယ်လောက်သက်ရောက်လဲ ဆိုတာ ခ က ပိုသိသည်။

"ခ !"

"ဟ လန့်လိုက်တာကွာ"

ခ အိမ်ထဲပြန်ရောက်တော့ တွေ့လိုက်ရတာက မျက်နှာတစ်ဖက် စုတ်ပြတ်သတ်နေတဲ့ M , သေချာပါတယ် ဒါဘဲကြီး လက်ချက်ဆိုပေမဲ့ တရားခံက ကိုယ်ကိုယ်တိုင်ပင်။

အပြင်အရမ်းထွက်ချင်နေလို့သာ ဒီလိုလုပ်လိုက်ရပေမဲ့ ဘဲကြီးကလဲ ပိုကိုပိုသည်။ ဘယ်နှစ်ချက်‌တောင် ဆင့်ထိုးလိုက်တယ်မသိ။

M ဘေးက နှစ်ကောင်ကတော့ လူကို အစိမ်းလိုက်ဝါးစားမတတ်ကြည့်နေကြသည်။

"ညီ......"

ခ ကိုယ့်အပြစ်နဲ့ကိုယ်မို့ M နားသွားကာ ‌တောင်းပန်မယ်လုပ်တော့ မျက်နှာကို တစ်ဖက်လွဲသွားတဲ့ M ကြောင့် ခ အခက် တွေ့ ရလေပြီ။

ခ ကိုစိတ်ဆိုးနေတာပဲ , အင်းလေ ဆိုးလဲဆိုးချင်စရာပါ ဒီတစ်ခါ‌တော့ ခ လွန်သွားတာကိုး။

"ခ ဘာလို့ မတ်တပ်ရပ်နေတာလဲ"

ဘဲကြီးလာပြီ , ဘဲကြီးကို အကူအညီ‌တောင်းရမယ်။

ʀᴇɴᴏWhere stories live. Discover now