Part 3 ( Zawgyi )

7.5K 231 0
                                    

"လွှတ်စမ်း !"

ဒီကောင်တွေဘာလား,ဘယ်ကိုထပ်ခေါ်သွားနေတာလဲ,ကလေးတွေကရော ဘယ်ရောက်သွားလဲ !!

"အဲ့လောက်အော်ဟစ်မနေနဲ့ ကျွန်တော်တို့ က ခင်ဗျားတို့ကို အိမ်ပြန်လိုက်ပို့ပေးနေတာ လိပ်စာသာပြော !!"

ဘယ်လို အိမ်ပြန်လိုက်ပို့ပေးနေတာ !!

မဖြစ်နိုင်တာ အိမ်ကိုလိုက်ပို့ပေးနေတယ်ဆိုတဲ့သူတွေက လက်ကို ဒီလိုတွေ ကြိုးတုပ်ထားစရာလား,ဟိုကောင် ခိုက်ကလဲ သူ့ကားပေါ်ရောက်နေတယ်များမှတ်နေလားမသိ, အဖမ်းခံထားရတာတောင် အိပ်ပျော်နေသေးတယ်။

ခေါင်ဆိုတဲ့ကောင်ကလဲ ခုမှ သိတဲ့သူတွေကို အိမ်ပြန်လိုက်ပို့ပေးနေတယ်လို့ ပြောတာနဲ့တင် အပျော်လွန်ပြီး အိမ်လိပ်စာကို ဒိုးခနဲ ဒေါက်ခနဲ ပြောပြလိုက်သည်။

ဒီညီအကို နှစ်ကောင်ကတော့လိုက်လဲလိုက်ပါ့ !!

"မင်းမိန်းမအိမ်ပါ တစ်ခါထဲပြောပြလိုက်တာ မဟုတ်ဘူး"

"လီး ! ဟဲ့ကောင် ငါ့မှာ မိန်းမမှမရှိတာ"

အော် ရွဲ့ပြောနေတာကို ခွေးသားရယ် ရှိများရှိရင် တစ်ကယ်ပြောပြမဲ့ပုံ။

"တော်ပြီ ခေါင် ငါမင်းနဲ့ နောက်မှ ရှင်းမယ် ! ဟို ညီလေးတွေ ကလေးတွေ ဘယ်ရောက်သွားလဲ"

"စိတ်မပူပါနဲ့ လုံခြုံတဲ့ နေရာမှာရှိပါတယ် ပြီးတော့ ကျွန်တော်က အသက်က ၂၄ ပါ K ကလဲ၂၃ မို့ ညီလေးမဟုတ်ပဲ အကိုလို့ ခေါ်သင့်တယ်"

"ငယ်သေးတယ် ဖေ့သား ငါက ၂၅,တော်ပြီ သောက်စကားမများနဲ့တော့ ကလေးတွေ လုံခြုံတယ်ဆိုတဲ့ စကားကို ငါဘယ်လိုယုံရမှာလဲ !!"

ဘယ်လို ဒီလို ဖြူအုနုဖတ်နေတဲ့ ဟာကြီးက ၂၅ နှစ်။ငယ်ငယ်ထဲက ကြမ်းကြမ်းတမ်းတမ်းဘဲတွေပဲတွေ့ခဲ့ရလို့လား မသိ ကားနောက်ခန်းက လူကြီးက အသက် ၂၅ လို့ပြောတော့ ပါးစပ်အဟောင်းသားဖြစ်နေရသည်မှာ M ရော K ရော။

"အဟမ်း ဆောရီး အကို,ကလေးတွေရဲ့တည်နေရာကို အတိအကျမပြောပြနိုင်ပေမဲ့ ကျွန်တော်တို့ကို ကလေးပြန်ပေးဆွဲတဲ့သူလို့ ထင်နေတာတော့ အကို အထင်လွဲတာပါ"

ʀᴇɴᴏWhere stories live. Discover now