"တော်ပါရီ အချစ်ချို ချိတ်ကနာ"
"အပူတွေကို ထပ်မရိုချင်တော့ပါ....."
အမယ် အမယ် ၊ ဒီဟာလေး သူဆိုနေတဲ့ သီချင်းရဲ့ အဓိပ္ပာယ်ကောနားလည်ရဲ့မလားမသိ ၊ ဒီအချိန်ဆို အိပ်နေတတ်တဲ့ကလေးက ကျားသားမိုးကြိုး ကုတင်အောက်လေးမှာ ဒူးလေးတုတ်ထိုင်ပြီး သီချင်းဆိုနေတယ်ဆိုပဲ။
ရုပ်လေးကလဲ တစ်ခုခုကိုဝမ်းနည်းနေပုံ ၊ သူ့ပါပါးကလဲ ဘုန်းခန့်လေးကိုကြည့်ကောင်းနေတာ မချော့တဲ့ အပြင် သူပါ အလိုတူအလိုပါ ၊ ဘေးချင်းကပ်ထိုင်ပြီး ဖီးလ် နေတယ်ဆိုပဲ။
"ဟိတ် !!"
"အမလေး လန့်လိုက်တာ ကိုကိုရယ်"
အဟက် !!
ဟိုကလေးက တစ်ခုခုဖြစ်နေတာသေချာပါပြီ ၊ အမြဲ ဟိတ် ! ဆိုပြီး စရင် မယေး ! ဒယ်ဒီရယ် လန့်လိုက်တာလို့ ပြန်ပြောနေကြ ၊ ခုကျ မျက်နှာလေးကိုအောက်ငုံ့ကာ ကြမ်းပြင်ကိုလဲ သူ့လက်ညိုးလေးနဲ့ ဟိုခြစ် ဒီခြစ်လုပ်နေလေရဲ့။"ဆောရီးပါဗျာ ကဲ လာ ဘာလို့ အောက်မှာ ထိုင်နေကြတာလဲ"
"ဒီလိုပါပဲ ကိုကိုရယ်"
"ဒီလိုပါပဲလဲ မရဘူး ထ အိပ်ယာပေါ်တက်"
"ဟုတ်"
ခ ကတော့ သူ့ဘေးက ဘုန်းခန့်လေးကိုကြည့်ပြီး ပါးလေးကိုညစ်ကာ ရွှတ်ခနဲနမ်းသွားပြီး အိပ်ယာပေါ်တက်သွားပေးမဲ့ ဘုန်းခန့်လေးကတောင် နေရာကကိုမရွှေ့။
"သားသား"
"ဂျာ"
"လာပါဦး ဒယ်ဒီ့နား"
"ယာဘူး !"
အမယ် ဒီကလေးအခု ဘယ်သူ့အားကိုနဲ့ ကိုယ့်ကိုယ်အော်လိုက်တာလဲ။
"သားသားရေ"
"ကြောရို့ !"
ကျစ် ! မရတော့ဘူး။
တစ်သက်နဲ့တစ်ကိုယ် RENO ကိုဒီလေသံနဲ့စကားပြောဖူးတာဆိုလို့ ခ ရယ် ဘုန်းခန့်လေးရယ်ပဲရှိသည်။
"အင့် ဒယ်ဒီ...."
"နမ်းနဲ့ ကြိုက်ဝူး !"
"မကြိုက်လဲနမ်းတယ်ကွာ ဒယ်ဒီ့ကလေးလေးမို့နမ်းတယ်ကွာ ချစ်လို့နမ်းတယ်ကွာ ဘာဖြစ်ချင်လဲကွာ"
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.