Part 20 ( Unicode )

14.7K 951 29
                                    

"ဘဲကြီး"

ဒီလူကြီးစောစောစီးစီးဘယ်ရောက်သွားလဲကွာ , ပြောတော့ ဒီရက်ပိုင်း Company မသွားရဘူးဆိုပြီး , ခိုက်နဲ့ခေါင်ကတော့ ခ ကို သစ္စာဖောက်ပြီး ဘဲကြီးဆီမှာ အလုပ်လုပ်နေကြပြီ။

အသက်ကြီးပြီးအချိန်မစီးတဲ့ ဟာကြီးက ဘယ်လိုအာမခံချက်တွေပေးပြီး မြူစွယ်လိုက်လဲ မသိ , ဘဲကြီး‌နောက် ကောက်ကောက်ကိုပါသွားတာ။

ခ နဲ့တူတူ အလုပ်လုပ်ရင်တော့ မင်းလုပ်လိုက် ငါလုပ်လိုက်နဲ့ တွက်ကပ်နေကြပြီး , ဘဲကြီး အလုပ်ကျမှ ကြိုးစားနေလိုက်ကြတာ , ဒီမှာနေတာလဲ ကြာပြီ အိမ်ပြန်ကြရအောင်လို့ ပြောတော့‌လဲ ခ ကို အကုန်လုံးကာဝိုင်းတားကြသည်။

ဘဲကြီး ဒယ်ဒီကြောင့်ဆိုတာသိပေမဲ့ ခ ကတော့ မကြောက် , ဒါပေမဲ့ ခိုက် နဲ့ ခေါင်က ဒီမှာ လတ်တလောနေဦးမှာမို့ မပြန်နိုင်ဘူးလို့ပြောတော့ ခ လဲ ဘာမှမတတ်နိုင် , ဟိုအိမ်ကြီးမှာ တစ်ယောက်ထဲပြန်နေဖို့ကျတော့လဲ သရဲကြောက်တာမို့ ဒီမှာပဲ ခြေကုပ်နေရသည်။

ဒဏ်ရာတွေလဲ ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ခ အတွက် ဒီ အိမ်က ကောင်းတာထပ်ကို ပိုပေမဲ့ ဘာအလုပ်မှမရှိတော့ ပျင်းနေမိတာ အမှန်။ဟိုနှစ်ကောင်က မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ Company သွား , ဘဲကြီးက‌လဲ အပြင်ထွက်ရင်ထွက် မထွက်ရင် အမြဲ Meeting room ထဲမှာမို့ ခ အထီးကျန်နေရသည်။

အမှန်တော့ ဘဲကြီးနဲ့နေရတာထပ် ခ တစ်ယောက်ထဲ နေရတာကမှ ပိုကောင်းဦးမည်။ရင်ခုန်အောင် လုပ်ပေး , ခင်ဗျားကိုချစ်ပေးကြည့်မယ်လို့ ပြောမိထဲက လူအနားကမခွာပဲ တစ်မျိုးပြီးတစ်မျိုးလုပ်နေတာ။

အသားနာမှာမကြောက်တဲ့ ဘဲကြီးက သူစိတ်ပေါက်ရင် ပေါက်သလိုလဲ တရွှတ်ရွှတ်နဲ့ ခ ကို နမ်းသည်။ ခ ကလဲ အချဉ်မှမဟုတ်တာ ဘဲကြီး အဲ့လို လူကို မတရား အသားယူတိုင်း တစ်ချက်ထဲ ဆောင့်ဆောင့်ကန်ပေးလိုက်တာ ဘဲကြီး ကြယ်တွေလတွေ မြင်သွားအတဲ့အထိပဲ။အဲ့တာလဲ သိပ်မမှတ်ရှာပါဘူး ခုထိလူကိုနမ်းကောင်းတုန်း။

ခ က ဘာရယ်မဟုတ် ကျွန်တော်နဲ့ ခင်ဗျား တွဲမယ်လို့ ပါးစပ်ကပြောမိတော့ ဘဲကြီးက အဲ့စကားကိုအတည်ယူကာ ခ ကို သူ့ရည်းစားဆိုပြီး ထိကပါးရိကပါးတွေ လုပ်လာသည်။ ခ လဲ ဘာမှ သိပ်မပြောမိပါဘူး ဒါ ခ စလိုက်တဲ့ပြသာနာလေ။

ʀᴇɴᴏWhere stories live. Discover now