𝐓𝐡𝐞 𝐖𝐡𝐨𝐥𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐇𝐚𝐰𝐚𝐢𝐢 𝐓𝐫𝐢𝐩
"ဘုန်းခန့်လေးရေ"
"ဘုန်းခန့်ရေ"
"ဟျောင့် ဘုန်းခန့်ကိုကို"
ဒီဟာလေး ခေါ်မကြားအော်မကြား ဘယ်ရောက်သွားတာလဲ။အိမ်အကူပြောတာတော့ အစားမက်တဲ့ဘုန်းခန့်လေး အခုထိ ညနေစာမစားသေးဘူးတဲ့။
ကြည့်ရဝာာ သူ့အခန်းထဲမှာများ အဝတ်ထုတ်နေတာလား။ မနက်ဖြန်ကျရင် RENO တို့တစ်မိသားစုလုံး ဟာဝိုင်အီကိုအလည်သွားကြမည်ဖြစ်သည်။
ခ နဲ့လဲ တစ်ခါမှ Honeymoon မထွက်ရသေးတာရယ် ၊ အကိုကလဲ သူ့အလုပ်နဲ့သူမို့ မအားတာရယ်ကြောင့် သူ့ကလေးကလွဲရင် အိမ်ကိုအချိန်မပေးနိုင်တာရယ် ၊ ဟိုကောင် မင်းခန့်နိုင်ကလဲ ယောကျာ်းယူပြီး
အိမ်ပေါ်ကဆင်းသွားတာကြောင့် အနေဝေးနေတာရယ် ၊ ခန့်လင်း ကလဲ ကိုယ့်အစားအလုပ်နဲ့ ခရီးထွက်နေတာရယ်ကြောင့် အိမ်ကတိတ်ဆိတ်သယောင်ဖြစ်နေတော့သည်။သို့ပေမဲ့ ခ နဲ့ ဘုန်းခန့်လေးရယ် ခိုက်ကတော့မဟုတ် ၊ သုံးယောက်ထဲရှိလဲ သုံးယောက်ထဲကို ပတ်မွှေနေကြတာပါ။ ကိုယ့်မှာအားရင်အားသလိုထိန်းနေရတာ။
အခုတော့ အကိုနဲ့တိုင်ပင်ပြီး အလုပ်တွေခဏပစ်ကာ အိမ်က ကလေးတွေနှင့်အတူ အနားယူဖို့ ခရီးထွက်ရန် ပြင်ဆင်ထားသည်။
Whole family trip ဖြစ်လို့ မိသားစုဝင်အကုန်ပါမှ အဓိပ္ပာယ်ရှိမှာဖြစ်သည့်အတွက် ခ ရော ခိုက် ရော ခေါင်ရော သူတို့ပိုင်ရာဆိုင်ရာတွေရောနှင့် ကျွန်တော်ရယ် တောက်တိုမယ်ရခိုင်းရန် ခန့်လင်း ( M ) လဲပါသည်။
အိမ်ကမြတ်နိုးရာလေးတွေက ဆိုးတယ်ဆိုပေမဲ့ ကလေးဆိုး ဆိုးကြတာပါ။ တကယ်တော့ ကိုယ့်ကိုရော အကို့ကိုရော တော်တော်နားလည်သည်းခံပေးသည်။
ခ ရေကိုယ်တို့ ဟာဝိုင်အီ သွားလည်ရအောင်လို့ပြောတော့ ကိုကိုအားလို့လား ခ ကအကြောင်းမဟုတ်ပါဘူးတဲ့လေ။
ခ က သူ့ကိုအိမ်ထဲက အိမ်ပြင်ပေးမထွက်တာကို အရင်လို ကန့်လန့်မတိုက်တော့ပဲ ကြာတော့နေပျော်လာသည်ထင်ပါရဲ့။ အခုဆို အပြင်ခေါ်ထွက်တောင် မလိုက်ချင်တော့။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.