အားးးးးးးးးးးးး
ပြန်မယ် ဒီမှာမနေဘူး ပြန်မယ်ကွာ !!
ငါ , ငါဘာစကားတွေပြောလိုက်မိပါလိမ့်။
အမှန်တော့ ကိုကိုက ငါပိုင်တယ်ဆိုတာ ခ ငယ်ငယ်ထဲက နှုတ်ကျိုးလာတဲ့စကား , ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကို လွယ်လွယ်လေးနဲ့ သူစိမ်းရှေ့ထုတ်ပြောလိုက်စရာလား။
ခ တကယ် ကို ဘဲကြီးနဲ့ဆို ကိုယ့်ကိုယ်ကိုယ်တောင် အထိန်းအချုပ်မရှိတဲ့ထိ လွတ်လွတ်လပ်လပ်နေတတ်နေတာ , ပြောချင်ရာတွေပြောခဲ့ပြီးမှာ ရှက်ရမ်းရမ်းသွားတာ ဘဲကြီးရိပ်မိသွားမှာစိုးလို့ ပိတ်ဟောက်ခဲ့ပေမဲ့ , အိမ်ထဲလဲ ပြန်ရောက်တော့ ခ မျက်နှာထားစရာမရှိလောက်အောင်ပါပဲ။
ခပြောတာကြားသွားတဲ့ ဒီစံအိမ်က အလုပ်သမားတွေကလဲ ခ ကို ကွက်ကြည့်ကွက်ကြည့်နဲ့မို့ ခ အလွန်နေရခက်လာသည်။ဘေးကနေ ပွဲကြည့်နေတဲ့ နှစ်ကောင်ကလဲ ခ ကို ကြည့်ပြီး ရီနေပြီ။
စောက် သူငယ်ချင်းကောင်းလေးတွေ အားနေရင် လူကို ခနဲ့ ဖို့ပဲ။ဒါတွေအကုန်လုံးက ဟိုမိန်းမကြောင့်ဖြစ်ရတာ , ဘဲကြီး ခင်ဗျားလဲပါတယ်။
ရှက်လိုက်တာကွာ.....
"ခ....."
အာ , လာပြီလားဟ။
"ဘာလဲ !!"
အဟက် !! ဒီဟာလေး ရှက်ရမ်းရမ်းပြီး လူကို ဇွတ်အော်နေတယ်။
"ကိုယ် ခ ကြိုက်တဲ့ ဒံပေါက်ဝယ်ထားပေးတယ် စားလိုက်နော် နေ့လည်တောင် ရောက်တော့မယ်"
"စား , စားမှာပေါ့ !! မနက်စာနဲ့နေ့လည်စာပေါင်းစားပေးတာ ခင်ဗျား အကုန်အကျသက်သာအောင် ဘာဖြစ်လဲဗျာ !!"
"အင်းပါ ကိုယ်က ဘာပြောလို့လဲ သွားစားလိုက်ဦးသွား"
"သွားမှာ !!"
ဒံပေါက်သာသွားစားခိုင်းလိုက်ရတာ ဒီဟာလေး မျက်နှာရော သစ်ခဲ့ရဲ့လားမသိ , ရေချိုးတာလဲ အချိန်အတိအကျနဲ့ တနလ်ာနေ့ဆို သူရေမချိုးရမဲ့နေ့တဲ့လေ , တကယ်လဲ အဲ့နေ့ဆို ရေမချိုးပါဘူး တကယ် ကိုညစ်တီးညစ်ပတ်လေး။
ခုလဲ ညအိပ်ဝတ်စုံတောင် မလဲပဲ သူ့ဆံပင်လေးကို အပေါ်သပ်ကာ Reo ကိုပွေ့ရင်း ထမင်းစားခန်းထဲဝင်သွားသည်။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.