Part 14 ( Unicode )

14.7K 1K 14
                                    

ခေါင် ဆေးရုံမှာ ငါးရက်ရှိပြီ , ခအကြောင်းကိုလဲ M ပြောပြလို့အကုန်သိပြီး။ခိုက်လဲ သတိရနေပြီ။ဒဏ်ရာကလဲ သာမာန်လူတွေအတွက်ဆို စိုးရိမ်ရပေမဲ့ ခေါင်နဲ့ခိုက်ကတော့ ဒီလိုတွေခံရတာ တစ်ခါ နှစ်ခါလဲ မဟုတ်တော့ မဖြုံတော့။ဆေးရုံမှာရှိနေရတာလဲ ကြာနေပြီရယ် , ခ ဆီလဲသွားချင်တာရယ်ကြောင့် ဒီနေ့တော့ ဆေးရုံဆင်းမည်ဟုဆုံးဖြတ်ထားသည်။

M အပြောအရ ခ လက်ချက်နဲ့ ဟိုဘဲကြီး အရမ်းအခြေအနေဆိုးနေတဲ့ပုံပဲ။ခအပေါ် ထိကပါးရိကပါး လုပ်တဲ့သူတွေကို ခ အနားနေပြီး လူမျိုးစုံတွေ့ဖူးပေမဲ့ ဒီဘဲကြီးကတော့မတူ။

စထဲက ခ အပေါ်မရိုးသားတာတော့ သတိထားမိပေမဲ့ ခ ကသူ့ကြောင့်အမြဲ ထိခိုက်ရတော့ ရိုးရိုးသားသား ဂရုစိုက်ပေးတယ်လို့ပဲထင်ထားတာ။

ခ အဲ့ဘဲကြီး အိမ်မှာနေတော့ သူပျင်းတယ်ပြောတိုင်း သွားသွားလည်ပေးတဲ့အချိန်ကျရင် ဘဲကြီးပုံစံက အမြဲ ခ ကို အရိပ်တကြည့်ကြည့်။

သူ့အနေအထားကြီးနဲ့ ခ မလိမ့်တပတ်လုပ်နေမှန်းသိလဲ ခံတယ် , ခ က ပိုက်ဆံဆိုတာနဲ့ ထုတ်ပေးပြီးသားပဲ။ခိုက်က ဘဲကြီး အကြောင်း ဘယ်ထဲက စုံစမ်းထားတယ် မသိ ခိုက်ပြန်ပြောပြတာကတော့ ဘဲကြီးက မိန်းမ ကိစ္စအရှုပ်အရှင်း မရှိ ဘူးတဲ့။

RENO ဆိုသူက တော်တော်မှ ကြည့်ကောင်းတဲ့ အထဲပါသည်။ယောကျာ်းလေးတစ်ယောက်အနေနဲ့တောင် Wow ဒီဘဲကြီး စောက်ရမ်း Fine တယ်ဆိုပြီး ငေးယူရသည့်အထိ , အဲ့လိုလူက အပျော်မရှာဘူးဆိုတာ အစကတော့ ခေါင် မယုံ။

ခ လောက် RENO ဆိုသူနဲ့ အရမ်းအနီးကပ်မနေဖူးပေမဲ့ , ခေါင် လဲ လူကဲခတ်တတ်သည့်အထဲပါသည်။ RENO ဆိုသူက အလုပ်အပေါ်ပဲ အာရုံရှိသည်ဟု ပြောလို့ရသည်။

သည်လိုလူနဲ့သာဆို ခ နဲ့သဘောတူနိုင်ပေမဲ့ , RENO ရဲ့အသိုင်းအဝိုင်းက ခနှင့်ဆိုရင် မိုးနှင့်မြေလိုကွာခြားသည်။
ပိုက်ဆံရှိတာ မရှိတာကို ပြောခြင်းမဟုတ် , ဘဲကြီး မပြောရင်တောင် ရိပ်မိတာ ဒီ ဂိုဏ်းက မူးယစ်ဆေး , ကလေးပြန်ပေးဆွဲ , ဒီနိုင်ငံက အသက်မပြည့်သေးတဲ့ မိန်းမပျိုလေးတွေကိုတောင် တစ်ဖက်နိုင်ငံကို ရောင်းစားတယ်ဆိုတဲ့ သတင်းတွေထိကြားဖူးသည်။ဒါတွေပဲလား ကိုယ်တွင်း ကလီဇာ ရောင်းတာတွေပါ ပါသည်။

ʀᴇɴᴏWhere stories live. Discover now