Part 39 ( Unicode )

9.2K 627 11
                                    

"Daddy လို့...."

"No Baby No"

အာ ဒီလူကြီးကွာ ခိုက် ကိုသက်သက် အနိုင်ကျင့်နေတာ။မနေ့ကလဲ မဖျားတော့တဲ့ဟာကို ခိုက်ကို ချော့မော့ပြီး အိမ်ထဲက အိမ်ပြင်ပေးမထွက်ဘူး။ဂေဟာလဲ မသွားရဘူး။

ဒီနေ့ကျတော့ ‌မနက်စာစား ခိုက်ကို ရေလဲချိုးပေးတယ်ဆိုတော့ ဂေဟာသွားရတော့မယ်ဆိုပြီးပျော်နေတာ ဘယ်ဟုတ်မလဲ နေ့လည်စာကျွေးပြီး တစ်ရေးပြန်အိပ်ခိုင်း‌နေတယ်တဲ့။

ဟိုကောင် ဘုန်းမာန်ခဆိုတဲ့ကောင်အော်တာလဲ ခံရ။လူကြီးကလဲ သည်းသည်းလှုပ်နေတော့ ခိုက် တစ်ယောက်အကြပ်ရိုက်နေလေပြီ။ခုမှနေ့လည်တစ်နာရီပဲရှိသေးတာကို အိပ်ခိုင်းရတယ်လို့။

"Baby မအိပ်ချင်ဘူးလို့"

"ကဲ Baby တစ်ယောက်ထဲ အိပ်မလား ကိုယ်နဲ့အိပ်မလား"

ဟာ အဲ့လိုတော့ မရဘူးလေ။ဒီလူကြီးနဲ့ တူတူအိပ်ရင် နေ့ခင်ကြောင်တောင်ကြီး အင်းး ကျော်မကောင်းကြားမကောင်းတွေတော့ဖြစ်တော့မှာပဲ။

"Daddy အခုပေးမသွားတာ အပြင်မှာနေအရမ်းပူလို့မလား"

"သိရင်လဲ အိပ်မယ် Baby ရေ ကိုယ်အသဲတွေယားလာပြီ ဖက်အိပ်လိုက်တော့မှာနော်"

"ဟို ! ဟိုလေ စိတ်လျှော့ပါ Daddy ရဲ့ ဟီး"

"ဒါဆိုလေ Baby မအိပ်ပဲ ခ နားသွားနေလို့ရလားဟင်"

"ညစောစောအိပ်မယ်ဆိုရင် ရတယ် Baby"

"ယေးးးးးးး"

တစ်အိမ်ထဲ တူတူထားထားလို့ပဲတော်သေးတယ်။အောက်ထပ်နဲ့အပေါ်ထပ်ကို ‌အပျော်လွန်ပြီးပြေးရှာလေပြီ။မေးတာတောင် ပြန်မဖြေသွားနိုင်ရှာဘူး။

ဒီကလေးက ညဖက်ဆိုအရမ်းသိပ်ရခက်တာ။အရင်ထဲက အကျင့်ပါပြီး ည ၁၁ ၁၂ နာရီမှအိပ်တတ်တဲ့ ကလေးဆိုတော့ အဲ့အချိန်မရောက်ရင် မအိပ်ဘူး လူကို အီနေတာ။ညဘက်အိပ်တာနောက်ကျတာထားပါတော့ မနက်လဲ အစောကြီးနိုးနိုးနေတတ်တော့ အိပ်ချိန်က ၈ နာရီတောင်မပြည့်။

ဆရာဝန်ကိုလင်တော်ထားလို့ပဲတော်သေးတယ်။ပျက်စီးချင်တိုင်းကိုပျက်စီးနေတော့တာ။ဆရာဝန်ဆိုပြီးလဲ သွားအမိန့်မပေးနဲ့ မရပါဘူး။သူလေးက Daddy...... ဆို ဒီကကောင် အရည်ပျော်နေပြီ။

ʀᴇɴᴏWhere stories live. Discover now