"ဟျောင့် ခ မင်းသေချာပြီလား"
"သေချာပါပြီဆို ခေါင် မင်းငါ့ကို မရစ်နဲ့ကွာ ၊ ငါသားသားလေးကို သွားခေါ်ချင်နေပြီ အရှေ့ကဖယ်စမ်းပါ ၊ မင်းမလိုက်ချင်နေခဲ့"
ဘုန်းခန့်ကိုကိုလေးကို မွေးစားမယ်တဲ့လား ၊ အဲ့တာကြောင့် Company ကပြန်လာတိုင်း ခ က မမောနိုင်မပန်းနိုင် အဲ့ကလေးလေး အကြောင်းကိုပြောနေတာကိုး။
တကယ်တော့ ခ ဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တဲ့ အနေအထားတော့မဟုတ်ဘူး ၊ ဒါပေမဲ့ ခိုက်ကလဲ ခ ကလေးက သူ့ကလေးပဲမို့ ခ လောက်အဲ့ဒီကလေးလေးကို မချစ်ပေးနိုင်ရင်တော့ မလျော့သော မေတ္တာကိုသူ့ဆီကလဲရစေရမယ်တဲ့။
ခေါင်လဲ အစကတည်းက ကလေးချစ်တတ်တာမို့ ကလေးထိန်းဖို့က ခက်ခဲတဲ့အလုပ်တော့မဟုတ် ၊ ခ ပြောပြထားထဲက ဒီကလေး အပြင်မှာ ဘယ်လောက် ချစ်ဖို့ကောင်းမလဲဆိုတာ မှန်းဆကြည့်၍ရသည်။
ဘဲကြီးနဲ့ သူ့အကိုကလဲ ခ နဲ့ ခိုက်သာ တစ်မျက်နှာမို့ ၊ ဘာဆိုဘာမှဝင်မပြော ၊ မတတ်နိုင်ဘူး ကလေးရှိတဲ့ အိမ် စည်တယ်တဲ့။
ကိုယ်ကသာ စိတ်ပူနေတာ မြင်ယောင်ပါသေးတယ် ဘုန်းခန့်ကိုကိုဆိုတဲ့ဟာလေး တစ်အိမ်လုံးရဲ့ အချစ်တော်လေးဖြစ်လာမှာ။
──────⊹⊱✫⊰⊹──────
"ဝါးးး ဒါ တို့တို့အခန်းယား"
"ဒါပေါ့ ဒါသားသားအခန်း"
တွေ့မယ် ၊ အဲ့ဒီကိုကိုဆိုတဲ့ဟာ တွေ့ဦးမယ် ၊ ဘယ်တုန်းထဲက ခ တို့ရဲ့ ဘေးအခန်းကို ဘုန်းခန့်ကိုကိုလေး နေလို့ရအောင် လုပ်လိုက်လဲမသိ။
ကုတင်သေးသေးလေးရယ် ၊ ကလေးအရုပ်လေးတွေရယ် ၊ ပစ္စည်းတွေကိုစုံလို့။ သားသားလေးသဘောကျတာ မပြောနဲ့ ခ တောင် ဒီအခန်းထဲရောက်တော့ ကလေးပြန်ဖြစ်ချင်သွားသည်။ တကယ် လုပ်လဲလုပ်ပေးတတ်ပါ့။
ဒါပေမဲ့ မချီးကျူးနိုင်ပါဘူး ၊ ကလေးက အခုမှ ၃ နှစ်ကျော်ကျော်ရှိသေးတယ် ၊ တစ်ယောက်ထဲအိပ်ခိုင်းစရာလား ၊ ခတို့နဲ့ တူတူအိပ်ရမှာပေါ့ ၊ ညဖက် ဘုန်းခန့်လေး တစ်ခုခုလိုရင် ဘယ်လိုလုပ်မလဲ ၊ ကိုကို သဘောကောင်းလှ သဘောကောင်းလှ မှတ်နေတာ အကြံအစည်ကရှိပြီးသားကိုး။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.