ကျစ် !
"မင်းသွားလိုက်တော့"
ခေါင် ၊ မင်းခန့်နိုင် ( ခေါ် ) K ဆိုတဲ့ကောင်လေးကြောင့် တစ်ရက်တစ်ရက် တော်တော်ကိုစိတ်ရှုပ်နေပြီဖြစ်သည်။
ဘဲကြီး Company မလာတဲ့ နေ့ဆို ဒီကောင်လေးကို ခေါင့် အတွက် အမြဲထည့်ပေးသည်။အဖော်ရတာ ၊ ခိုင်းလို့ရတာတော့ ဟုတ်ပေမဲ့ ခေါင့်အပေါ်မရိုးသားတဲ့စိတ်ရှိနေတာကြောင့် အနီးကပ်အလုပ်လုပ်ရတာ တကယ်ကို အဆင်မပြေ။
အချိုးပြေရင်လဲတော်သေးသည်။အခုဟာက အသဲယားလို့ဆိုပြီး စိတ်မထင်ရင်မထင်သလို လူကို အတင်းနမ်းတာတွေ သူကလွဲရင် တစ်ခြားဘယ်သူ့ကိုမှ အနားကပ်မခံတာကြောင့် ခေါင် အလုပ်လုပ်ရင် ရှယ်ယာရှင်တွေနဲ့တောင် လက်ဆွဲ နှုတ်ဆက်လို့ တောင်မရတဲ့ အဖြစ်။
ကိုယ့်ထက်နှစ်နှစ်ကျော်ကျော်ငယ်တာမို့ အကြီးကိုလေးစားမလားမှတ်တယ် သူ့ကိုယ်သူ နာမ်စားအဖြစ်သုံးတာက မောင် တဲ့။
ဒီကကောင်ကလဲ စိတ်ကလက်တဆစ်ဆိုတော့ စိတ်တိုတိုင်း အဲ့ကလေးကို ထ ထ ထိုးမိသည်။ဒါပေမဲ့ကြာလာတော့ ခေါင် လဲ လက်နာရုံပါ ထိုးလဲပြုံးပြီးသာ ခံနေတာမို့ ဘယ်လိုတုန့်ပြန်ရမလဲတောင် မသိ။
အသက်နဲ့မလိုက်အောင် ကြီးမားနေတဲ့ ခန္ဓာကိုယ်ကြီးရယ် ၊ မြန်မာနိုင်ငံသားနဲ့ မတူပဲ ဘိုဆန်နေတဲ့ ထိုကလေးရဲ့ မျက်နှာ မျက်လုံး နှာခေါင်း နှုတ်ခမ်း ဒါတွေကို ခေါင် အားကျမိတာတော့ အမှန် ၊ ဒါတင်မကသေး ဂုတ်ထိ ရှည်နေဆဲ့ ဆံပင်ကို ဘေးနှစ်ဖက်က ရေးရေးလေးရိတ်ထားပြီး အကုန်အနောက်ကို စုစည်းကာ လိုင်းတွေကလဲ ဖော်ထားသေးသည်။
မျက်နှာလေးက အမြဲ ရှင်းပြီး ဘေးကိုကားထွက်နေတဲ့ မေးရိုးရယ် လည်စိရယ် လူကို ညစ်တေးတေး ပြုံးပြတိုင်း ကျက်သရေမရှိ မြင်နေရတဲ့ ပါးချိုင့်နက်ကြီးတွေရယ်ကတော့ ခေါင် ဘယ်လိုမှ မကြွေပဲမနေနိုင်။
"နေဦး မောင် ပြောတာနားထောင် !!"
ဒါတွေ ဒါတွေကို ခေါင်မကြိုက်တာ။လူကို အမြဲ လုပ်လိုက်ရင် ပိုင်စိုးပိုင်နင်း။ခုလဲ Lunch time မို့ တစ်ယောက်ထဲ အေးဆေး အစားစားနေတာကို ရှေ့တည့်တည့်မှာလာထိုင်ပြီး သူပိုင်ဆိုင်တာတွေကို တစ်ခုချင်း ရေရွတ်ပြနေတာ။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.