Part 36 ( Unicode )

9.5K 639 11
                                    

"မသွားရဘူး !"

ခ တစ်ယောက် အိမ်မှာသောင်းကျန်းနေပြီလေ။ဒယ်ဒီက RENO အတွက်တော့ အမွေပြတ်စွန့်လွှတ်ကြောင်း စာချုပ်စာတန်းဖြင့် သေသေချာချာကိုပို့လိုက်ပြီး လက်မှတ်ပါတစ်ခါထဲထိုးပေးလိုက်သည်။

Ram နဲ့ ခိုက်အကြောင်းကိုလဲ သိနေတဲ့ ဒယ်ဒီက နှစ်ယောက်လုံး သူ့စီလာခဲ့ပါတဲ့။အစကတော့ အဲ့အဖိုးကြီးသ‌ဘောတူမှ ရမယ် ခိုက် မင်း အဲ့အဖိုးကြီးသဘောကျအောင်နေဆိုပြီး နှစ်ယောက်သားရန်ဖြစ်ကြသေးတာ။

ဒယ်ဒီတစ်ကယ်ခေါ်မှ ခ က ခိုက်ကို ဘယ်မှမသွားရဘူးတဲ့။ ခ ရယ် ဘာလို့လဲ အကိုလဲ ပါသွားတော့ ဒယ်ဒီဘာမှမလုပ်နိုင်ပါဘူး ပြောစရာရှိလို့နေမှာပါလို့ ပြောတော့ မရဘူး ခ ခံစားချက်တွေ မကောင်းဘူးတဲ့။

ခိုက် ဆိုတဲ့ ကလေးကလဲ အစကတော့ အဲ့အဖိုးကြီး သဘောကျအောင်မနေပေးနိုင်ဘူး အရိုအသေတန်နေပြီဆိုပြီး ခုလို ဒယ်ဒီကခေါ်တော့ သွားမယ် သွားမယ် တကဲကဲနဲ့။

အကိုကတော့ ခိုက်ကို ကလေး မလိုက်ချင်လဲရတယ် ကိုယ် ဒယ်ဒီနဲ့ ခနတွေ့ပြီး ပြန်လာခဲ့မယ်တဲ့။ RENO ကတော့ ဒယ်ဒီနောက်ဆုံးသူ့ကို စွန့်လွှတ်လိုက်ပြီဆိုပေမဲ့ ဒီအခြေအနေကြောင့် မပျော်နိုင်။အဓိကက တော့ ခ ကသူ့သူငယ်ချင်းအတွက် အရမ်းစိတ်ပူနေတာကြောင့်ဖြစ်သည်။

"သွားမှာ ငါမကြောက်ဘူး"

"မရဘူး မသွားရဘူး !"

"ခ !"

"အေ မင်းသွားရင်ငါလဲလိုက်မှာ"

ကျစ် ! ဒီကလေးတွေတော့ မဟုတ်တော့ဘူး။

"ခ တော်ပြီနော် ကိုယ် ခ ကို အဲ့အိမ်ကိုနောက်တစ်ခေါက် ဘယ်လို သတ္တိနဲ့ပြန်လွှတ်ရမှာလဲ ဘာမှမလိုက်ဘူး ဒါတော့ ကိုယ်ခွင့်မပြုနိုင်ဘူး !!"

RENO ပြောလိုက်တဲ့ လေသံကနည်းနည်းမာသွားပေမဲ့ အရင်ကလို ပြန်မအော်ပြန်မအော်ပဲ မျက်နှာလေးအောက်ငုံ့ကာ ဝမ်းနည်းသွားတာကြည့်ပြီးတော့လဲ ကိုယ့်ကလေးအတွက်စိတ်မကောင်းပြန်။

အကိုကတော့ ခိုက် ဆိုတဲ့ ကောင်လေးအနောက်ကနေ Signal တွေပြနေပြီ။ ခ ကို ခေါ်ထုတ်သွားပေးဆိုတဲ့သဘော။

ʀᴇɴᴏWhere stories live. Discover now