Part 25 ( Unicode )

13.8K 853 26
                                    

"Boss အောက်မှာ Vira ရောက်နေပါတယ်"

"တောက် !"

ခ ကနေမကောင်းလို့ အစထဲက စိတ်မကြည်ပါဘူးဆို ထပ်အာရုံနောက်တော့မယ် , အဲ့မိန်းမကလဲ ဒီကအလုပ်သမားတောင် သူ့ကို အမြင်မကြည်တာကို ဒယ်ဒီ့အားကိုးနဲ့ ဝင်လိုက် ထွက်လိုက်လုပ်နေတာ။

"ငါခ‌နနေ အောက်ဆင်းလာခဲ့မယ် အပေါ်လုံးဝတက်မလာစေနဲ့"

"ဟုတ်ကဲ့ Boss"

Vira ဆိုတာ RENO နဲ့သိတာ တစ်နှစ်ကျော်ပြီ။ ဒီ မိတ်ဆက်ပေးလို့ သဘောလောက် ပြုံးပြနှုတ်ဆက်ခဲ့ပြီးထဲက လူအနား အတင်းလိုက်ကပ်နေတာ။

အိမ်ကိုလဲ မထင်ရင်မထင်သလိုရောက်လာတတ်သလို အခန်းတွေဆိုလဲ ခွင့်ပြုချက်မရှိလျှောက် ကြည့်တတ်သည်။ဒယ်ဒီနဲ့ Vira ရဲ့မိသားစုနဲ့က အကျိုးတူ လုပ်ငန်းစီးပွားဖက်တွေဆိုတော့ RENO လက်လွတ်စပယ်ပြုမှုလို့ မရ။

ဘယ်လိုပဲ စီးပွားရေးဆန်နေပါစေ ခ ကိုထိရင်တော့ RENO သည်းခံမည်မဟုတ်။

"ဘဲကြီး !"

အင်း။ လူကို ဘယ်လို ပြသာနာရှာဦးမယ်မသိ အခန်းထဲကနေ အသံစူးစူးလေးနဲ့ အော်နေပြန်ပြီ။

"ခင်ဗျားလေး လင်က အခန်းပြင်မှာတင်ရှိတာပါဗျာ ရိုးရိုးခေါ်လဲ ရပါတယ်"

"ဘာတွေပြောနေတာလဲ လာဦး ခင်‌ဗျား !"

"လာပြီဗျ လာပြီ....."

နေမကောင်းလို့ပဲ တော်သေးတယ် နေများကောင်းရင် ဘယ်လိုတောင် ရစ်မယ်ဆိုတာ မသိ။ဒါပေမဲ့တော်သေးတယ် မနေ့ကလိုမငိုပဲ ရန်ရှာနေလို့ , ခ က ဘာစကားမှမပြောပဲ တိတ်နေရင်မှ ပြသာနာက စတာ , ခုလိုက အခြေအနေကောင်းတယ် ပြောရမည်။

"ခင်ဗျားကို ကျွန်တော် မေးပါဦးမယ် ခင်ဗျားမှာ မယားငယ် ဘယ်နှစ်ယောက်တောင် ရှိတာလဲ"

"ဘယ်လို !"

"ဒီမှာလေ ဒီမှာ ခင်ဗျားနဲ့တွဲဖူးတဲ့ သူတွေဆိုပြီး အစဉ်လိုက်ကိုရေးထားတာ နည်းတာ မဟုတ်ဘူး"

"ခ ရယ် အဲ့တာတွေက မီဒီယာတွေလျှောက်ဖွတာပါကွာ ကိုယ်သူတို့ပြောတဲ့ မိန်းကလေးတွေတစ်ယောက်မှမသိဘူး"

ʀᴇɴᴏWhere stories live. Discover now