(အပိုင်း၁)

8.4K 83 2
                                    

နွေအိပ်မက်🌷[summer dream]

အပိုင်း၁

" တာတာ လေး နောက် လကျရင်အိမ်ပြောင်းရမယ်နော် "
" ဟုတ် မာမီ "
တာတာ အိမ်လေးပေါ်က ပြေးဆင်းပြီး တစ်ဖက်ခြံ ဘက်ကိုငေးကြည့်လိုက်မိသည်။
ကိုငယ် ကျောင်းသွားပြီလား။
မေမြို့ကို ဒယ်ဒီတာဝန်ကျလို့ တာတာတို့ပြောင်းလာတုန်းက ကိုငယ်က ၁၀နှစ် တာတာက ၅နှစ်။
ကိုငယ် တို့မိသားစုက တာတာ တို့ကို အများကြီးကူညီပေးခဲ့လို့ ဒီမြို့မှာ တာတာတို့ မိသားစု အဆင်ပြေခဲ့တာပါ။

" မာမီ တာတာ ကိုငယ် တို့ အိမ်ခဏသွားမယ် "
ခုဆို ကိုငယ်က ၁၀တန်း တာတာက ၅တန်း ။ကိုငယ် ကတာတာ့ကို အရင်တုန်းက စာပြပေးပင်မယ့် ခုတော့ သူ့စာမေးပွဲကိုသူ အာရုံစိုက်နေရတာမို့ တာတာ့ကိုလဲစာမပြပေးနိုင်တော့ပါ။
ကိုငယ်စာပြပေး လဲ တာတာက စာမရပါဘူး။ကိုငယ်က စာသင်နေတဲ့ အချိန် အရမ်းခန့်တော့ ကိုငယ့် ကို ငေးရင်း စာတွေ လဲ တာတာ့ ခေါင်းထဲတစ်လုံးမှ မဝင်။
ခုတော့ တာတာ ကိုငယ့် ကို နှုတ်ဆက်ရတော့မယ်။

.
" ကို ငယ် ရှိလား မေမေ "
" တာတာလား သား ရှိတယ်အပေါ် ထပ်မှာတက်သွားလိုက်ကလေး "
"ဟုတ် မေမေ စိုက်ခင်း ကိုသွားမ လို့လား "
" အင်း ဒီနေ့ မေမြို့ ပန်းတွေခူးမယ်လေ နှင်းဆီတွေရောပဲ သမီးတို့ တွေမပြောင်း ခင် အခင်းထဲလာလည်အုန်းနော် "
" ဟုတ် တာတာ ကိုငယ်နဲ့ လာခဲ့မယ် "
" အယ် ကလေး ကိုငယ် ကိုပဲ ရအောင်ခေါ်ခဲ့ သူက ခုစာအုပ်နဲ့ မျက်နှာ နဲ့ မခွာတော့ဘူး လုံးဝ စာဂျပိုး"
" ဟီး "
တာတာ မေမေ့ကို ရယ် ပြလိုက်ပြီး အပေါ်ထပ်ကို ပြေးတက်ခဲ့သည်။ဒီ ငါးနှစ် အတွင်းမေမေနဲ့ ကိုငယ်ကြောင့်တာတာ တို့ မိသားစု အရမ်းအဆင်ပြေခဲ့ပါသည်။

" ကိုငယ် "
တာတာ လှမ်းခေါ် လိုက်တာတောင် ကိုငယ်က စာကြည့်မပျက်။
တာတာ ကိုငယ့် အခန်းတံ ခါးကို ခေါက်လိုက်မှစာကြည့် မျက်မှန်ချွတ်လိုက်ပြီး တာတာ့ကိုကြည့်သည်။

" တာတာ ဝင်လာလေ "
" ဟုတ် ကို ငယ် "
" အမှတ်စာရင်း ရပြီလား "
" အင်း a4 လုံးb 2 လုံး ရတယ် "
" မဆိုးပါဘူး ဒါပင်မယ့် မတော်သေးဘူး "
ကိုငယ် က စာအုပ်ပြန်ဖတ်နေတော့ တာတာ ကုတင်ပေါ် တက်ထိုင်လိုက်သည်။
လက် သီးနှစ် ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းပြောသင့်မပြောသင့်စဉ်းစား နေချိန် ကိုငယ် က စာအုပ်ကို ပိတ်လိုက်ပြီး

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now