အပိုင်း၁၈

1.4K 15 4
                                    

နွေအိပ်မက် 🌷[Summer dream ✨]

အပိုင်း၁၈✨

နွေးထွေးတဲ့ ရင်ခွင်တစ်ခု။တာတာ ဒီနေ့ အိပ်ရတာ အရမ်းကောင်းနေသလိုပါပဲ။အရမ်းကို နွေးထွေးတဲ့ တစ်စုံတစ်ယောက် ရဲ့ ရင်ခွင်ကျယ်ကြီးထဲကို ပိုပြီးတိုးဝင်လိုက်မိသည်။

" ချစ်စရာလေး "

စက် ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့သူမကို ပြန်ပြီးပွေ့ဖက်ထားလိုက်ရင်း ခေါင်းလေးကိုခပ်ဖွဖွ ပုပ်ပေးနေမိသည်။ဒီမိန်းကလေး ဟာ သူနဲ့ မတွေ့ခင်ကဘယ်လိုအခက်အခဲတွေပဲ ရင်ဆိုင်ခဲ့ရ ရင်ဆိုင်ခဲ့ရ ခုသူ့ရင်ခွင် ထဲရောက်လာပြီဆိုတော့ ဒီမိန်းကလေး ရဲ့ အပူတွေကို သူပဲငြိမ်းရတော့မည်။

===

တာတာ နိုးတော့ သူက အနားမှာ မရှိတော့။အိမ်ရှင်တွေကို နှုတ်ဆက်ရင်းစကားကောင်းနေသည်။တာတာ မျက်နှာ ကိုအကြမ်းသစ်လိုက်ပြီး ပြန်ဖို့ခွင့်ပန်ရသည်။
ထော်လာဂျီနဲ့ ပဲ လိုက်ပို့ ဖို့ပြင် ကြသည်။ပိုက်ဆံ မယူတော့ခြံ ထွက်သီးနှံတွေကို ခြင်းအပြည့်တောင်းအပြည့်ထည့်ပေးလိုက်သေးသည်။

" ကျေးဇူးပါ ဆရာမလေးရယ် တစ်ကယ်ကျေးဇူးတင်ပါတယ် "

" ရပါတယ် ရှင် လူနာတွေနေမကောင်းရင်ဆေးကုပေးရမှာ ကျွန်မတို့ ဆရာဝန်တွေရဲ့ တာဝန်ပါ .."

အိမ်ပြန်ရောက်တော့နေ့လည် ၁၁နာရီ ရှိနေပြီ။တာတာ ထမင်းချက်ဖို့ ပြင်တော့ သူပါ မီးဖိုခန်းထဲရောက်လာသည်။

" ဘာလုပ်ပေးရမလဲ အတာ "

" ရပါတယ် အိမ်ရှေ့မှာသာ သွားနေပါ "

" ကို က လုပ်ပေးချင်လို့ပါ "

"  ပြောမရလဲ လုပ်တော့ "

" ဟုတ်ကဲ့ သခင်မ "

ပြောင်စပ်စပ် ရုပ်နဲ့ ဟင်းရွက်တွေဖြင်နေတော့ ပြုံးပြီး ကြည့်နေမိသည်။သူက တာတာ့ အပေါ် တော်တော် အနစ်နာခံ တတ်တဲ့လူပါလား။

" အဲ့လောက်စိုက်မကြည့်နဲ့လေ ကို မနေတတ်တော့ဘူး"

" ...."

သူခိုးလူမိသွားသလို ခေါင်းလေးငုံ့ပြီး ငရုတ်သီးကို အသံမြည်အောင်ထောင်းလိုက်စဉ် မျက်လုံးထဲကိုငရုတ်သီး တွေ ဝင်သွားသည်။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now