အပိုင်း၁၇

1.3K 12 0
                                    

နွေအိပ်မက် 🌷[ Summer dream ]

အပိုင်း၁၇ 🌿

" ကျွန်မတို့ က ဒီဘက်သွားမယ် ဒေါက်တာ တို့က ဟိုဘက်သွား "

ရှင်နန်းနဲ့ ကောင်းမြတ်က ဆေးအိတ်တွေယူပြီး ထွက်သွားတော့ တာတာ နဲ့သူသာ ကျန်ခဲ့သည်။

" သွားမယ်လေ အတာ "

" အင်း "

ဆေး ကိရိရာ တွေနဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကိုသူက လွယ်သည်။ နေပူပူထဲလျှောက်ရတာဆိုတော့ ပင်ပန်းနေမှာ ဆိုးလို့ ထီး ဖွင့်ကာ သူ့ကို မိုးပေးထားလိုက်သည်။

"  အတာ ပါဆောင်းလေ ပူနေရောပေါ့ "

" ကျွန်မက ရပါတယ် ရှင်ကသာ ပစ္စည်းတွေနဲ့ "

"  ကို နေပူမှာ ထက် အတာ နေပူမှာ ပိုကြောက်တယ် "

သူ့စကားကြောင့် တာတာ့လက်ထဲက ထီးကို နှစ်ယောက်လုံအောင်ပြောင်းဆောင်းလိုက်ရသည်။နို့မို့ ဆိုပြောလို့ ဆုံးမှာ မဟုတ်တော့။

====

" ကျုပ်တို့ က ကျန်းမာရေး ကောင်းပြီးသားပါအေ ဒေါင်ဒေါင်မြည် ပဲ "

" အဲ့လို တော့ ဘယ်ဟုတ်မလဲ အမေ ရယ် သမီးက အမေနေကောင်းတာ သိပါတယ်   အမေ ဒီထက်ပိုပြီး နေကောင်းသွားအောင်ဆေးစစ်ပေးမလို့ပါ "

" မလိုပေါင် အဂ်လိပ်ဆေးလဲ တို့က မယုံ "

" အဲ့လို လဲ ဘယ်ဟုတ်ပါ့မလဲ အမေရယ် "

တာတာ့ မျက်နှာလေး ညှိုးသွားသည်။ ကိုယ်ကစေတနာနဲ့ ဆေးစစ်ပေးချင်ယုံပါ။ခုတော့ ဒီအကြံမှားပြီလားတောင်တွေးမိတယ်။

" အမေ ခဏနေပါဉီးဗျာ့ "

အဘွားက အိမ်ထဲပြန်ဝင်ဖို့ပြင်စဉ် စက် လှမ်းတားလိုက်သည်။သူမ မျက်နှာ ညှိုးနေတာ စက်မကြည့်ရက်။ဒီအဘွားဆေးကုချင်လာအောင်လုပ်ဖို့ကြံနေမိသည်။
ရုတ်တရက် အိမ်ထဲက မိသားစုဓာတ်ပုံလေးကို သွားတွေ့လိုက်တော့ ခေါင်းထဲမှာ အကြံတစ်ခုက လျက်ခနဲ။

" အမေ့ သားက ဘာအလုပ်လုပ်လဲဗျာ့ "

အဖွားက  စက်ကို အံ့သြသလိုကြည့်ရင်း

" ငါ့သားက ဆရာ လေ ကျောင်းဆရာ တစ်ရပ်တစ်ကျေးမှာ လုပ်နေရှာတာ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now