အပိုင်း၁၂

1.5K 14 0
                                    

နွေအိပ်မက်🌷[Summer dream🌸]

အပိုင်း၁၂🌻

တာတာ သတိရလာတော့ အိပ်ခန်းကြီးတစ်ခုထဲမှာ။ညကိုပင်ကျော်လို့ မိုးစင်စင်လင်းနေပြီ။ မနေ့က တုန်းကဧဒင်စက် ပွေ့ပြီးခေါ်သွားတာ ကိုမှတ်မိသည်။အဲ့နောက်ပိုင်းဘာကိုမှ မမှတ်မိတော့။

" သတိရပြီလား  အတာ ဘာစားမလဲ "

" ရှင်  "

ဆိုဖာပေါ် မှာ ခြေချိတ်ထိုင်ပြီး စီးကရက် ဖွာနေတဲ့စက်ကိုကြည့်ပြီး မျက်ခုံးနှစ်ခု နီးကပ်အောင်ထိရှုံ့မဲ့သွားတဲ့မျက်နှာလေး။ဒီတစ်ခါလဲ သူ့ကိုယုတ်မာလိုက်ပြီလို့ထင်နေပြန်ပြီ။စက် နှုတ်ခမ်းတွန့်ရုံပြုံးပြလိုက်ပြီး ဆိုဖာပေါ်မှထကာ  အိပ်ရာနားက မှန်နံရံမှာ ကာရံထားတဲ့ လိုက်ကာစ တွေကို ဖွင့်လိုက်သည်။အပြင်ဘက်က စိမ်းစိုနေတဲ့မြက်ခင်းတွေနဲ့အတူ ရွှေဝါရောင် နေကြာပန်းတွေ ညွတ်ကျအောင်ဝေနေတဲ့ ပန်းခင်းကြီးကိုလှပစွာတွေ့ရသည်။ စက် ရွှေဝါရောင်ပန်းခင်းကြီးကိုကြည့်ရင်း

" လိုချင်ရင် မရရအောင်ယူပြီး အပိုင်းသိမ်း ထားတတ်တဲ့ အကျင့် ကို့ မှာမရှိဘူး  အတာ ကို ဒီလောက်ထိ တယုတယနဲ့ ပျိုးခဲ့ရတဲ့ မြေခပန်းလေးကို ကို့ လက်နဲ့ ဘယ်လိုခြေမွဖျက်ဆီးရက်မှာလဲ "

" ကျွန်မ နာမည်အတာ မဟုတ်ပါဘူး ကိုဧဒင်စက် "

" နေကြာပန်းခင်းတွေရဲ့ အဓိပ္ပာယ်ကိုအတာသိလား "

" ......"

" အဲ့ဒီရွှေဝါရောင်နေကြာပန်းလေးတွေမှာ သိပ်လှတဲ့အဓိပ္ပာယ်တစ်ခုရှိတယ် အဲ့ဒီအဓိပ္ပာယ်ကို ကိုလဲမြတ်နိုးတယ် "

" ကိုဧဒင်စက် ပြောတာကို ကျွန်မမသိပါဘူးပြီးတော့ကျွန်မက တီတီတာပါ အတာမဟုတ်ပါဘူး "

" သိတယ်လေ "

" သိရင်ဘာလို့ ဆက်ခေါ်နေတာလဲ "

" ချစ်လို့ "

ထပ်ပြောပြန်ပြီဒီစကား။ကြားရပါများလာလေလေ ရွံလာလေလေ ဆိုတဲ့ ချစ်တယ်ဆိုတဲ့ စကားကို ဘာလို့သူ့ဆီကအကြိမ်ကြိမ်ကြားနေရတာလဲ။

" ဟုတ်တယ် ချစ်လို့ တီတီတာ ဆိုတဲ့ မင်းကိုမြတ်နိုးလို့
တာတာ လို့လူတိုင်းကခေါ်နေကြတာပဲလေ ကိုကလူတိုင်းနဲ့ မတူချင်ဘူး အတာ  "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now