(အပိုင်း၂)

2.2K 34 0
                                    

နွေအိပ်မက်🌷[Summer dream

အပိုင်း၂🍀

" ဒေါက်တာ"
" မြင့်မိုရ် "
မြင့်မိုရ်က ချိုင့်တစ်ချိုင့်ကို ကိုင်ပြီး ငယ့် ဆီ ရောက်လာသည်။မြင့်မိုရ်ဆိုတဲ့ကောင်မလေး က ဆေးကျောင်းနောက်ဆုံးနှစ်က ငယ် စာပြပေး လိုက်ရတဲ့ကောင်မလေး။ငယ်က ကျူရှင်သင်ချင်တာမဟုတ်ပင်မယ့် မြင့်မိုရ် ရဲ့ အခက်အခဲကြောင့် ငွေ မယူဘဲ စာပြပေးခဲ့တာပါ။
" ဒေါက်တာ မို တို့ အိမ် မှာ မုန့်ဟင်းခါးချက်လို့ လာ ပို့တာ "
" မြင့်မိုရ် ခု ဘယ် မှာ အလုပ်ကျနေလဲ "
" ရန်ကုန် (.....) ဆေးရုံမှာပါ ဒေါက်တာ မို့ မေမေ က ဒေါက်တာ့ကို သိပ်ကျေးဇူးတင်နေတာ "
" ကျွန်တော်လဲ အဲ့လောက်ကြီးဘာမှ မလုပ်ပေးခဲ့ ရပါဘူး "
" ဘယ်လိုပြောလိုက်တာလဲ ဒေါက်တာရယ် ဒေါက်တာကြောင့် မို ဆေးကျောင်းကိုပြီးအောင်တက်နိုင်တာ "
" မြင့်မိုရ် တို့ အဆင်ပြေတယ် ဆိုရင် ကျွန်တော် ဝမ်းသာပါတယ် "
" ဒါနဲ့ ဒေါက်တာအဆောင်မှာ နေရတာအဆင်ပြေလား "
" ကျွန်တော်အိမ်ပြောင်းတော့မှာ "

" ဒေါက်တာ အကူအညီလို ရင် မို့ကို လှမ်းပြီး ဆက်သွယ်လိုက်နော် "
ငယ် မြင့်မိုရ်ရဲ့ ချိုင့်ကိုယူပြီး ပန်းကန်ထဲ လှယ်ထည့်လိုက်ကာ
အဆောင်ရှေ့ ထွက်လာတော့ မြင့်မိုရ်နဲ့ အတူယှဉ် ရပ်နေတဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ရသည်။အောင်အောင်ဉီး ပြောတဲ့ သူ့ညီမလေး ဆိုတာများလား။
" မြင့်မိုရ် ချိုင့် ဒါနဲ့ ညီမ က အောင်အောင်ဉီး ရဲ့ ညီမလေးလား "
" ......"
မြင့်မိုရ် ချိုင့်ယူပြီးထွက်သွားတာကို အလိုမကျသလို နှုတ်ခမ်း စူပြီးကြည့်နေတော့ ငယ် အောင်အောင်ဉီး ကိုသွားခေါ်ဖို့ အဆောင်ထဲပြန်ဝင်ရသည်။
" အောင်အောင်ဉီး မင်းညီမ ရောက်နေပြီ"
" ဒီကောင်မလေးကို ငါရောက်ရင် ဖုန်းဆက်လို့ပြောထားတာကို "
အောင်အောင်ဉီး ထွက်သွားတော့ ငယ်စာပြန်ဖတ်နေမိသည်။ငယ်ပါရဂူဘွဲ့ ရသည် အထိ ကြိုးစားသွားဖို့စဉ်းစားပြီးသား။

" ငယ် မင်း ဧည့်သည် မင်းညီမလို့ပြောတာပဲ ချစ်စရာလေး "
ငယ် စာအုပ်ကိုပြန်ပိတ်လိုက်ပြီး ဘယ်သူလဲ လို့ စဉ်းစားမိချိန်အတွေးထဲမှာ တာတာ ရောက်လာသည်။တာတာများလား။တာတာဆို ငယ်မှတ်မိမှာပေါ့။
မမကို တွေးမိချိန်ဆို တာတာ့ကို ငယ်အရမ်းမုန်းသည်။
" ကိုငယ် "
"......"
" ကိုငယ် နော် တာတာ့ကို တောင်မမှတ်မိဘူး "
" ......"
" တာတာဆေးကျောင်းတက်ရပြီ "
သူကပြုံးပြီးပြောနေပင်မယ့် ကို့နားထဲကန့်လန့်တွေသာကြားနေရလို့ ငယ်စိတ်မရှည်ချင်တော့။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now