extra2

1.7K 33 4
                                    

နွေအိပ်မက် [ summer dream ]

extra 2

ကလေးမွေးပြီးသည့် တိုင် အတာ က သားငယ်နီတာရဲကလေး ကိုကြည့်ကာ အသဲယားနေသလောက် မောင့် ခမြာမှာတော့ ...သူ့သား အနားမကပ် ရဲရှာ။
ဖခင်မေတ္တာ မရှိ၍တော့ မဟုတ်။ သားကသေးသေးကလေး ဆိုတော့ ထိရ ကိုင်ရမှာ ကြောက်နေသည့်ပုံပင်။

သားကလေး မွေးပြီး ၂လကြာသည် အထိ ချောချော ကလဲ လာထိန်းပေး ပါသည်။ သူ့ သမီးနဲ့လဲသဘောတွေဇွတ်တူနေသေးသည်။ တာတာက တော့လေ သားလေး ကို လူပျိုကြီးပဲ လုပ်စေချင်တာ။

" အစ် အစ် "

" မေ့သားလေး နိုးလာပြီ ချိုချို စာလို့လား
မေ့သားရဲ့"

ကလေးကို နို့လှန်တိုက်ရင်း ဆေးရုံက အစ်မတွေလက်ဆောင်ပေးထားတဲ့ အက်ျီလေးတွေကို ဒီတိုင်းအပျင်းပြေလိုက်ကြည့်နေမိ၏။

သားငယ်လေး က မွေးကင်းစတုန်းက ကိုငယ် ငယ်ငယ်က ပုံနှင့်တော်တော့်ကို တူတာ။ တာတာ့ စိတ်ထဲ ကိုငယ်ဝင်စား တာများလားလို့ တွေးမိတော့ ဝမ်းနည်းသလို မျက်ရည်တွေ လဲ စို့တက် လာရသည်။

ကိုုငယ်ဟာ တာတာ့ အ​ပေါ် သိပ်ကို ​ကောင်းခဲ့တာပါလေ။ ကိုငယ် က ငယ်ငယ်ကလေး ထဲက တာတာ့ကိုတွယ်တာ ခဲ့သလို တိတ်တခိုး ချစ်နေခဲ့တာတဲ့။
ကိုငယ့် ၏ ဒိုင်ရာရီ စာအုပ်ကလေးကတော့ ယခုထိတိုင် တာတာ သိမ်းထားမိဆဲပင်။

မောင့် ကိုလဲ ထို စာအုပ်ကလေး ကို သိမ်းထားကြောင်းပြောပြထားဖြစ်ပါတယ်။ မောင် အထင်လွဲမှား မှာ မျိုးကို တာ တာ မလိုချင်သလို မောင်နဲ့ ဝေးရမှာ သိပ်ကြောက်၍ ဖြစ်မည်ဆိုတာကတော့ ပိုမှန်ပါလိမ့်မည်။

ကိုငယ့် ကို သံရောဇဉ်ဖြင့် ချစ်ခဲ့ပင်မယ့် မောင့်ကို တော့ သနားစိတ် ...မြတ်နိုးစိတ်ဖြင့် ချစ်ခဲ့ရတာပါ။
ထို့ကြောင့် ကိုငယ့်လို မောင့် ကို ဆုံးရှုံး ရမှာ တာတာ သိပ်ကြောက်ပါသည်။

===

" အတာ ရေ မောင့် မိန်းမရေ "

ကုမ္ပဏီက ပြန်လာပြီဆိုတာနှင့် မိန်းမနှင့်သားကို တန်းခေါ်သူ ဧဒင်စက် ကား ရေ ပင်မသောက်နိုင်။
အိမ်ပေါ်သို့ အပြေးတက်၏။

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now