အပိုင်း၅

1.5K 16 0
                                    

နွေအိပ်မက်🌷[Summer dream🌸]

အပိုင်း၅🍀

"တို့တက္ကသိုလ်ကို ဆရာအသစ်လာမယ်ပြောတယ်ကြားရတာတော့ သူက အထိနာထားတဲ့ငှက်လိုပဲတဲ့"
"ဟမ် ချောချော ပြောတာ တာတာ နားမလည်ဘူး"
"အိုးဒီလို ကွာ သူကအစက ဆေးရုံကြီးမှာတာဝန်ကျနေတာ ပြသနာတစ်ခုကြောင့် သင်ကြားရေးဘက်ကိုတာဝန်​ရွေ့ပြောင်းခံလိုက်ရတယ်ဆိုပဲ "
"......"
"သူများ​တွေပြောတာတော့ အဲ့ဒေါက်တာကဆေးမကုနိုင်တော့ဘူးတဲ့ ခွဲစိပ်ခါနီးတိုင်းလက်တွေတုန်နေတာဆိုပဲ"

ချောချောက တာတာ အနားကပ်ကာ တိုးတိုးလေးပြောနေချိန် တာတာ မြင်ရောင်မိတာ ကိုငယ့်ရဲ့ တုန်ရင်နေတဲ့လက်အစုံ။အဲ့ဒါကိုငယ်များဖြစ်နေမလား။
🌷.
"ဘယ်လိုတုန်းဒေါက်တာကြီး ခုတော့ ကုသရေးကနေ သင်ကြားရေးဘက်ရောက်သွားပြီးပေါ့ ကျွတ်စ် ကျွတ်စ် ရာဇ်ဉီးငယ် မင်းကို ငါ အစထဲက ပြောသားပဲ ဖွန်ကြောင်ဖို့ ဆရာဝန်ဖြစ်ချင်တဲ့ကောင်က တစ်နေ့တော့ဆေးလောက ကထွက်သွားရမယ်ဆိုတာလေ "

" ညီညီမင်းဝေ ဒီနေရာက ဆေးရုံသာမဟုတ်ရင် မင်းမျက်နှာ ပေါ်ကို ငါ့လက်သီးတွေ ဘယ်နှစ်ချက်လောက်ရောက်နေမလဲ မသိဘူး ဟက် ငါက ဖွန်ကြောင်ဖို့ဆေးကျောင်းတက်ခဲ့တာဆိုရင် မင်းကလဲလာဘ်စားဖို့ ဆေးကျောင်းတက်ခဲ့တာမလား "

ငယ့် စကားကြောင့် အထိနာသွားပုံ ပခုံးတစ်ချက်တွန့် ရင်း

"  မင်းသိလား ဒီခေတ်မှာ လူချမ်းသာတွေ ငွေရှိတဲ့လူတွေက အရေးအကြီးဆုံး ခေတ်ကြီးကိုက ဆင်းရဲသားတွေအတွက် နေရာမပေးတော့တာ ဒီတော့ငါလဲ အဲ့လို ပဲဆင်းရဲသားတွေ အတွက် ငါ့ရဲ့ဆေးပညာကို အလကား မသုံးနိုင်ဘူး အလကားရရင် လိုချင်တဲ့လူတန်းစားတွေကို ငါ့ဆေးခန်းကမကြိုဆိုဘူး"

ငယ်စိတ်ရှိတိုင်းသာလုပ်မိရင်ဒီကောင်တစစီဖြစ်သွားလောက်ပြီ။ဒေါသကိုပြန်မြိုသိပ်ရင်း

"မင်း သိလား ညီညီမင်းဝေ  ဆင်းရဲတာ ချမ်းသာတာဆိုတာ ငါတို့ဆရာဝန်တွေနဲ့ လားလား မှမသက်ဆိုင်ဘူးမင်းဆီရောက်လာတဲ့ လူနာက ဆင်းရဲတာ ဖြစ်ဖြစ်ချမ်းသာတာ ဖြစ်ဖြစ် ဆေးကုပေးရမှာက မင်းရဲ့တာဝန်ပဲ အော် မေ့လို့ မင်းက ငွေလိုချင်လို့ ဆရာဝန်လာလုပ်တော့ အဲ့ဒါတွေဘယ်သိမလဲ  ငါက တာဝန်သိတဲ့ဆရာဝန်မျိုးနဲ့ပဲ စကားပြောချင်တာ မင်းလိုမျိုး တာဝန်ယူစိတ်မရှိတဲ့ ဆရာဝန်တစ်ယောက်နဲ့ အချိန်ကုန်ခံပြီးစကားပြောစရာအကြောင်းမရှိဘူး ငါသွားမယ်"

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now