အပိုင်း၂၂

1.2K 14 0
                                    

နွေအိပ်မက် 🌷 [summer dream 🌸]

အပိုင်း၂၂။

အိမ်ရှေ့ကစံပယ်ရုံကြီးက အရင်အတိုင်းရှိနေတုန်း။ဒန်းလေး ကိုအကြည့်ရောက်သွားချိန် ကိုငယ်နဲ့ တာတာ့ရဲ့ငယ်ဘဝက ပုံရိပ်က တာတာ့ မျက်ဝန်းထဲမှာ ပေါ်လာသည်။
အဲ့ဒီ့ ဒန်းလေးပေါ်မှာလဲ အမှတ်တရ များစွာရှိခဲ့တယ်လေ။ကိုငယ့် အငွေ့အသက်မကင်းတဲ့ ဒီအိမ်ကြီးမှာ
ကိုငယ်မဟုတ်တဲ့ တစ်ခြားလူတစ်ယောက်နဲ့အတူရှိနေတဲ့ တာတာ့  ကို ကိုငယ်ခွင့်လွှတ်နိုင်ပါ့မလား။

" အိမ်ကြီးက လှတယ်နော် အတာ ကိုတို့လဲ အဲ့လိုအိမ်မျိုးဝယ်ရအောင်။ "

"  အင်း ကျွန်မက ပန်းခင်းပါတဲ့ အိမ်လေးတွေဆိုပိုကြိုက်တယ် ညနေဘက်ဆိုပန်းခင်းထဲဆင်းပြီးလမ်းလျှောက်လို့လဲရတယ်။စိတ်ညစ်တဲ့ အခါတိုင်းလဲပန်းတွေကိုကြည့်ပြီး စိတ်ဖြေလို့ရတယ်။ပြီးတော့တစ်စုံတစ်ယောက်ကို တမ်းတမိတဲ့ အခါတိုင်းလဲပန်းတွေကိုနမ်းရှိုက်ရင်း အလွမ်းဖြေလို့ရတာပေါ့။ "

" အတာက တစ်ကယ်ကဗျာဆန်တာပဲ။"

"  အဲ့လောက်လဲ မဟုတ်ပါဘူးရှင်။ "

တာတာ ကကို့အိမ်လို ဝင်ထွက်သွားလာနေကြမို့ ဒီအိမ်လေးရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာက အစသိနေသည်။အိမ်သော့က အိမ်ရှေ့ကနှင်းဆီပန်းအိုးလေးထဲမှာပဲရှိနေတော့အရင်အတိုင်းမပြောင်းလဲ တဲ့ အရာလေးတွေကြောင့် တာတာ့စိတ်ထဲ ကျေနပ်သလိုလိုခံစားရသည်။

" အိမ်ထဲ ဝင်လေ စက်။ "

" မောင်လို့ ချိုချိုသာသာ ခေါ်ရင် သိပ်ကောင်းမှာ။"

" အိုမခေါ်ချင်ပါဘူး။ "

" ခုမခေါ်လဲနောက်ခေါ်ရမှာပဲ။ "

" ရှင့်ကို ရှင် တော့ယုံကြည်ချက်တွေပြည့်ဝနေသားပဲနော်။ကဲပါ အထဲဝင် ခုကျွန်မက အိမ်ရှင် ရှင်ကဧည့်သည်ဖြစ်သွားပြီ။ "

" ဒါနဲ့ ဒီအိမ်က ရာဇ်ဉီးငယ်တို့ အိမ်မလား။ "

" အင်း။"

" အတာ က ဒီနေရာနဲ့အရမ်းရင်းနှီးတာပဲနော်။ကို့အိမ်လိုပဲဆိုတော့။ "

" ဟုတ်တယ် ကိုငယ်နဲ့ ကျွန်မက ငယ်ငယ်ထဲက ကစားဖော်ကစားဖက်တွေလေ။ကျွန်မတို့တွေ အ့မြဲတန်း ဒန်းစီးကြတယ်။ပန်းတွေလုခူးတယ်။ စကားတွေလုပြောတယ်။ကျွန်မတို့နှစ်ယောက်မှာထူးခြားတဲ့ စွမ်းအင်တစ်ခုရှိတယ်သိလား။အဲ့ဒါက ကျွန်မတို့တွေဘယ်လောက်ပဲ မဆုံနိုင်အောင်ဝေးသွားခဲ့ပါစေ စိတ်စွမ်းအားချင်းကတော့ သူများတွေနဲ့မတူအောင်နီးကပ်နေတယ်ဆိုတာပဲ။ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now