အပိုင်း၆

1.4K 19 0
                                    

နွေအိပ်မက်🌷[Summer dream🍀]

အပိုင်း၆🍀

" နင့်ကိုငါစာသင်ပေး ရအောင် နင်နဲ့ငါနဲ့ကဘာမို့လို့လဲ"

"လင်မယားတွေလေ ကိုငယ်မေ့နေပင်မယ့် တာတာအမေ့ပါဘူး "

ငယ်မျက်မှောင်ကြုတ်လိုက်တော့ သွားကြဲရယ်ပြသည်။
ခွင့်မပြုပင်မယ့် စာကြည့်စားပွဲပေါ်ကို သူ့စာအုပ်တွေတင်လာပြီ။

" ဘယ်ဘာသာမရတာလဲ "

"အမ်း အကုန်လုံးပဲ "

" တာတာ ! "

" ကိုငယ်ကလဲ တစ်ကယ် မရတာလို့ မရဘူးပြောတာပါ"

မသင်ပေးရင်လဲ သူ့အကျင့်အတိုင်းမေမေ့ ဆီသွားတိုင်ဉီးမှာ။

" ဘယ်ဘာသာက စသင်ရမလဲ "

" ကိုငယ် ကျောင်းမှာ သင်မယ်လို့ပြောထားတာတွေကစပြီး သင်ပေးလေ "

"ဟင်းဒါတွေက သိသင့်သိထိုက်တာတစ်ခုပဲ တာတာ နင်စာမေးပွဲဖြေရမယ့်ဘာသာ ရပ်တွေကို အာရုံစိုက်နေသင့်တယ် "

" ကိုငယ် အဆင်ပြေတဲ့ ဘာသာက စပြီးသင်ကြမယ်လေ  "

"ရူပ ဓာတု ဇီဝ စာအုပ်တွေ ယူလာခဲ့ "

"ဟုတ် "

ပြုံးပြီး ထွက်သွားကာ မကြာခင်ဘဲ စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပြန်ရောက်လာသည်။

" ရူပအရင်ထုတ် အထူးထုတ်မလိုဘူး  "

ထိုနေ့က စိတ်မပါပင်မယ့် ငယ် စာသင်ပေးဖြစ်သည်။ည၈နာရီက နေ ၁၂ ထိ စိတ်ရှည်စွာ သင်ပေးနေပင်မယ့် သူက ခေါင်းငုံ့ထောက်ခံနေပြီ။တော်တော်ကြိုးစားနေတာပဲ။

" တာတာ  ထ တော့ "
"......"
" အိပ်ချင်ရင်သွားအိပ်တော့ ငိုက်ပြမနေနဲ့ "

ငယ်ပြောတာလဲ မကြားသလို ပင်။ခေါင်းငုံ့နေရာမှ ပြန်မတ်မလာတော့ဘဲ စားပွဲနဲ့ ခေါင်းမိတ်ဆက် မှ "ဒိန်း" ကနဲမြည်သံနဲ့အတူ နိုးလာပြီး မျက်လုံးပြူးပြူး နဲ့ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေပြန်သည်။သူ့ပုံစံက ခုမှအိပ်မက်ကမ္ဘာထဲက ထွက်လာတဲ့ လူတစ်ယောက်လို အူအူကြောင်ကြောင်နိုင်လှသည်။

" တာတာ သွားအိပ်တော့ "
" ဟုတ် ကိုငယ် "
"ငါ မအိပ်သေးဘူး အော် ကျောနာရင်နာနဲ့ ဆိုဖာမှာ မအိပ်နဲ့တော့ ဟိုဘက်အခန်းမှာ သွားအိပ် "
"ရပါတယ် "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now